Sunday talk on RFA

တနင်္ဂနွေစကားဝိုင်းအတွက် ကနေ့ ကြိုတင်အသံသွင်းပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ။

တီဗွီနဲ့ ရေဒီယိုကနေ သဘောအမြင်ပြောရတာ အချက်အလက်ထက် ပိုခက်တာက အချိန်ပါ။ လုံးစေ့ပတ်စေ့ ပြောချိန်မရတာ များတယ်။ ကိုယ်ကနေ ဝေဖန်တာလုပ်ခံရတဲ့ဖက်က တလွဲထင်သွားတာခံရနိုင်တယ်။ ပြောပြီးမှ ဘွာခတ်လို့မရတာမျိုး။

ကြိုတင်ဆွေးနွေးခန်းမျိုးက တိုက်ရိုက်အသံလွှင့်တာထက်တော့ သက်တောင့်သက်သာရှိပါတယ်။ အသံမဖမ်းခင်မှာ ခေါင်းစဉ်ရထားရင် (ဟုမ်းဝပ်) လုပ်ထားရတယ်။ တချို့အကြောင်းအရာတွေဆို (ရီဆပ်ခ်ျ) ပါ လုပ်ရတယ်။ ဒေါ်စု နေအိမ်အကျယ်ချုပ်ကလွတ်လာချိန်နဲ့ သံဃာတော်များအရေးအခင်းတုန်းကတော့ အားလုံးက လက်တန်းချည်းပဲ၊ ပြောရတာကလည်း ဗိုလ်လိုချည်းပဲ။ တီဗွီ တိုက်ရိုက်ကနေ (ဟဒ် တော့လ်ခ်) မှာပါရရင် မထင်တဲ့မေးခွန်းမျိုးက လာသေးတာ။ ဘာရမလည်း ကြာတော့ လေနဲ့လုပ်စားတတ်လာတယ်။

ကနေ့အသံသွင်းရတဲ့ ဆွေးနွေးခန်းမှာ (ဟုမ်းဝပ်) တွေ (ရီဆပ်ခ်ျ) တွေတော့မလိုပါ။ အင်တာဗျူးကို ကောလိပ်တခုအသွား ကားစီးရင်း လုပ်ပါတယ်။ ဒါပေမယ့် ပြောခဲ့တဲ့အကန့်အသတ်တွေအပြင် သတိထားရတာရှိပါတယ်။ အဖွဲ့အစုတိုင်းထဲမှာ အဖြောင့်သမားနဲ့ အကောက်သမား ရောထွေးနေတာများတယ်။ တိုင်းရင်းသားဆိုပြီး ခြုံပြောမိလို့ ရိုးသားတဲ့ တိုင်းရင်းသားတွေကို စော်ကားမိမှာလား ပြန်စဉ်းစားနေမိတယ်။ အဲလိုဖြစ်သွားရင်တော့ တောင်းပန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ