Vasalgel ကျားသန္ဓေတားဆေး
မေးခွန်းတခု = ဆရာ ဒီလိုတွေ့ထားလို့ ဖြစ်နိုင်လား။
Vasalgel (ဇက်တယ်လ်ဂျဲလ်) လို့ခေါ်တဲ့ ယောက်ျားသန္ဓေတားဆေးသတင်းကို ကိုးကားထားတာဖြစ်ပါတယ်။ ဒီဆေးသုတေသနက ပရောဂျက်အဆင့်သာရှိပါသေးတယ်။
Vasalgel ဆိုတာ polymer gel ပေါ်လီမာဂျဲလ်ဖြစ်တယ်။ ဟော်မုန်းမသုံးပါ။ သုက်ပိုးသွားလာတဲ့ vas deferens ခေါ် အကြောထဲ ဆေးထိုးပေးတယ်။ အဲဒါက သားကြောဖြတ်သလို အကြောကိုတခါတည်းဖြစ်ပြစ်တာမဟုတ်ပါ။ နောင်အခါ ကလေးပြန်လိုချင်ရင် အဲတာကိုနောက်ဆေးတမျိုးထိုးပေးရင် ရနိုင်မယ်လို့ရည်မှန်းထားပါတယ်။
ပရောဂျက်ကို ၂ဝ၁ဝ ကစပြီး Parsemus Foundation ဖေါင်ဒေးရှင်းကနေစတင်ပါတယ်။ အရင်ဆုံး ယုန်တွေကိုစမ်းတာ ၁၂ လကြာတယ်။ ၂ဝ၁၆ မှာ ရောင်ချနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။ ခုထိတော့ တရားဝင်အဆင့် ရောက်မလာသေးပါ။ Male Contraception Information Project (MCIP) ဝဘ်ဆိုက်ကို ၂ဝ၁၆ ခုနှစ်ထဲမှာ အပ်ဒိတ် မလုပ်သေးပါ။
လူဦးရေထူထပ်လွန်းတဲ့ အိန္ဒိယမှာ RISUG (Reversible Inhibition of Sperm Under Guidance) ဆေးနည်းကို သုံးနေတာ ၁၅ နှစ်ရှိပါပြီ။ အလားတူနည်းကိုသုံးပါတယ်။ အဲတာလည်း စမ်းသုံးနေတာသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments
Post a Comment