Internal matter ဖြုတ်-ထုတ်-ထွက်

တခြားနိုင်ငံရေးပါတီတွေက ဖြုတ်-ထုတ် အမိန့်တွေ ကြားသိနေရတယ်။ ရခိုင်ပါတီပြီးတော့ ပြည်ခိုင်ဖြိုးပါတီ။ (၈၈၈၈)  သတင်းကတော့ တမျိုးပါ။ ဘယ်အသင်းအဖွဲ့မှာ ဖြစ်နေနေ သဘောကျစရာမကောင်းလှပါ။

ဦးနေဝင်းရဲ့ (မဆလ) ပါတီတွင်းမှာလည်း အကြီးအကျယ်ဖြစ်ခဲ့တယ်။ NLD ထဲမှာလည်း ဒေါ်စုနေအိမ်အကျယ်ချုပ်ဘဝမှာ ထိပ်ဆုံးခေါင်းဆောင်နှစ်ဦးကို ပါတီကနေထုတ်တဲ့စာထွက်ခဲ့တယ်။ ကျွန်တော်တို့လို ပြည်ပထွက်တဲ့အမတ်တွေကိုလည်း ပါတီကထုတ်တယ်ထင်တယ်။ သေချာတော့မသိပါ။ ကိုယ့်ကိုယ်ကိုတော့ ထုတ်ခံရတယ်မထင်ပါ။

(မဆလ) မှာဖြစ်ခဲ့တာ၊ NLD မှာဖြစ်ခဲ့တာတွေနဲ့ အခုဖြစ်နေတာတွေက မတူပါ။ NLD ပါတီထဲမှာ တိုင်တဲ့သူကိုရော အတိုင်ခံရသူကိုပါ ကျွန်တော်က ကောင်းကောင်းရင်းနှီးလို့ ကြိုးစားပြီးထိန်းပါတယ်။ နောက်ဆုံးအခြေအနေကတော့ တိုင်သူက လူပုဂ္ဂိုလ်ကို မရည်ရွယ်ပါ။ ပါတီကောင်းစေချင်လို့ပါလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် (ဖြုတ်-ထုတ်-သတ်) ခေတ်နဲ့ (ဖြုတ်-ထုတ်-မပြုတ်) ခေတ်ကနေ (ဖြုတ်-ထုတ်-ထွက်) ခေတ်တော့ ရောက်လာပါပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)