Standing Ovation and Standing Objection မတ်တပ်ရပ်ပြီးထောက်ခံခြင်းနှင့် ထရပ်ကန့်ကွက်ခြင်း
သတင်း = တပ်မတော်သားကိုယ်စားလှယ်တို့ ၃၅ ရက်အတွင်း နှစ်ကြိမ်မြောက် Standing Objection လုပ်။ ပထမအကြိမ်မှာ လက်ရှိလုပ်ကိုင်နေသော နိုင်ငံတော်အဆင့်စီမံကိန်းများကို ရပ်ဆိုင်းထားရန်အဆိုကို ကန့်ကွက်ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်သောဥပဒေကြမ်းကို တပ်မတော်ကိုယ်စားလှယ်များ၏ အကြံပြုပြင်ဆင်ချက် ၁၆ ချက်ဖြင့် ညှိနှိုင်းပြင်ဆင်ပြီးမှ အတည်ပြုရန်အဆိုကို လွှတ်တော်ဥက္ကဌမှ ပယ်ချပြီး မဲခွဲဆုံးဖြတ်ရာတွင် ထပ်မံ ထရပ်ကန့်ကွက်ခြင်းဖြစ်ပါသည်။
Standing ovation ကို နိုင်ငံရေမှာအသုံးများတယ်။ သမတဖြစ်ဖြစ် သမတလောင်းဖြစ်ဖြစ်ကနေ မိန့်ခွန်းပြောပြီးရင် ပရိသတ်ကနေ တပြိုင်တည်းမတ်တပ်ရပ်ပြီး လက်ခုပ်တီးကြတယ်။ တခါတလေ ၄-၅ မိနစ်ကြာတယ်။
အနုပညာလောကမှာ ကပြ၊ သီဆို၊ တီးမှုတ်၊ အသုံးတော်ခံတာအပြီးမှာ သဘောကျနှစ်ခြိုက်ကြလို့ လုပ်ကြတာကိုလည်း အဲလိုပဲသုံးတယ်။ ဟောလိဝုဒ်မှာ မကြာမကြာတွေ့ရတယ်။ အလွန်စိတ်အားတက်ကြွသူတွေကနေ ဝမ်းသာအားရ ထောက်ခံမှုပြတဲ့အနေနဲ့ ထိုင်ရာကထပြီး ကောင်းချီးပေးကြတာဖြစ်တယ်။
Gotama's return became an ovation; musicians preceded and followed his chariot, while shouts of joy and triumph fell on his ear. (The Encyclopaedia Britannica: A Dictionary of Arts, Sciences ..., Volume 4 Page 738)
သိဒတ္တမင်းသားဟာ မြစ်တခုမှာရေချိုးထွက်လာ သက်တောင့်သက်နားနေအပြီး၊ မွန်းလွဲချိန်မှာ နန်းတော်ကိုပြန်ဘို့ မြင်းတွေကတဲ့ရထားပေါ်တက်တဲ့အချိန်မှာတော့ မင်းခယောက်ျားတယောက်ရောက်လာပြီး၊ သတင်းကောင်းကို သံတော်ဦးတင်လျှောက်ထားပါတယ်။
မှန်လှပါ ယသော်ဓရာမိဖုရားကနေ သားဦးယောက်ျားလေးတယောက် ကောင်းမွန်စွာ မွေးဖွါးသန့်စင်ကြောင်းပါဘုရား။
ဒီသတင်းကြားတဲ့အခါ ဂေါတမ (အင်ဆိုက်ကလိုပီးဒီးယား ဘရစ်တီနီးကားမှာ အင်္ဂလိပ်လို အဲလိုသုံးပါတယ်) ဟာ တည်ငြိမ်စွာနဲ့ တွေးတယ်။ အင့်း့ အဲတာဟာ ငါ့အတွက် နောက်ဆုံးဖြတ်ရမယ့်ကြိုး၊ အလွန်ခိုင်မာလှတဲ့ကြိုးသာ ဖြစ်ပေတယ်။
ဒါပေမယ့် ကပိလဝတ် မြို့တော်ထဲမှာတော့ လူတွေဟာ တဦးတည်းသောမင်းသားလေး မွေးဖွါးလာတာကို အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်။ ဂေါတမ နန်းတော်ကိုပြန်ရောက်တဲ့အခါ လူပရိသတ်က ကောင်းချီးပေးကြတယ်။ ဂီတသမားတွေကလည်း မြင်းရထားရှေ့က၊ နောက်ကနေ တီးမှုတ်ပြီး လိုက်ပါလာကြတယ်။ ပျော်ရွှင်ဝမ်းမြောက်စွာ ဟစ်အော်ကြွေးကြတဲ့အသံတွေကို ကြားနေရတယ်။
Standing objection နဲ့ Speaking objection တွေကို တရားရုံးအမှုစစ်တာမှာ သုံးပါတယ်။ အရေးပါတဲ့အချက်က Standing ovation ကို တိုင်ပင်မထားပဲလုပ်ကြတာဖြစ်တယ်။ Standing objection ကတော့ တမျိုးဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၆

Comments
Post a Comment