Lithium study helps scientists unlock ageing puzzle (လစ်သီယမ်) ဆေးနဲ့ ဇရာကိုအန်တုနိုင်မလား
လွန်ခဲ့တဲ့ (၆) နာရီကထွက်တဲ့ ဆေးသုတေသနသတင်းပါ။ Lithium ဆေးကို ယင်ကောင်တွေကိုထိုးပေးပြီး စမ်းသပ်တော့ အသက်ပိုရှည်ကြတာကို တွေ့လာရတယ်။
Lithium ဆေးကို Mood swings ခေါ်စိတ်မူပြောင်းတာအတွက်ပေးရတဲ့ဆေးသာဖြစ်ပါတယ်။ ဆေးကနေ ဦးနှောက်ကို သက်ရောက်တာမှန်ပေမယ့် ဘယ်လိုဘယ်ပုံလည်း တိတိကျကျမသိသေးပါ။ ယင်ကောင်တွေကိုစမ်းတော့ ဒီဆေးကနေ GSK-3 ခေါ်ဓါတ်ကို တားပေးတာတွေ့ရတယ်။
Cell Reports အစီရင်ခံစာမှာ ရေးသားလိုက်တာက ဒီဆေး အဆနည်းနည်းပေးတော့ ယင်ကောင်တွေဟာ သက်တမ်း ၁၆% ပိုရှည်တယ်။ ဆေးနည်းနည်းပေးထားရင် အသက်ပိုရှည်တာသာမက စိတ်ဖိအားကို နည်းစေတယ်။ အဆီထုတ်တာလည်း နည်းစေတာတွေ့ရတယ်။ ဆေးများရင်သက်တမ်းတိုတယ်။
Lithium salts ဆေးကို Health tonic အားဆေးအဖြစ်သုံးနေကြပါတယ်။ ဂေါက်ရောဂါနဲ့ မိုင်ဂရိန်းရောဂါတွေကို ပေးတယ်။ Bipolar disorder စိတ်နှစ်ခွရောဂါ ရှိသူမှာ Mood stability စိတ်မူကောင်းစေအောင်ပေးတယ်။ Memory impairment မှတ်ဉာဏ် နည်းသွားတာအတွက် ပေးနေတယ်။ Lithium ဆေးများရင် ဘေးထွက်ဆိုးကျိုးကဆိုးတယ်။ ဆေးသုတေသနဟာ Ageing puzzle ဇရာပဟေဠိကို တွေ့သိတာလားလို့ ယူဆလာနိုင်ပါတော့တယ်။
ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments
Post a Comment