Thingyan stage မီးခဲပြာဖုံး မြန်မာ့သင်္ကြန်

မနှစ်ကရေးခဲ့တယ် -
ဆရာဆူးငှက်ပြောသွားတဲ့ မန်းသင်္ကြန်နားထောင်ရတာ မင်္ဂလာရှိတာတွေပါလို့ စိတ်ချမ်းသာတယ်။ ဆရာကိုလေး အင်းဝဂုဏ်ရည်ပြောတာမှာ မှတ်သားစရာတွေပါတယ်။ သူတို့က အဆိုးထဲက အကောင်းတွေ ရွေးပြောကြတယ်။

အမြင်မှာတော့ သရုပ်ပျက်လွန် ဝတ်စားဆင်းယင်မှုနဲ့ သောက်စားကြတဲ့ မိန်းကလေးတွေပုံတွေများတယ်။ တချို့က သူများနိုင်ငံကပုံတွေကို တင်ကြတယ်။ ဗမာပြည်ပဲလို့ အထင်သေးအောင်လုပ်တဲ့ စေတနာမဲ့မှုတွေပါ။ သရုပ်ပျက်တွေက သင်္ကြန်တွင်း ၄-၅ ရက်သာခံမယ်။ စေတနာမဲ့တာက တာရှည်ကျန်နေမယ်။ နာမည်ပျက် ဘဝပျက်တာက ရာသက်ပန်။

ဒီနှစ်ကော -
သိပ်တော့ မသိရသေးပါ။ ပြောင်းတော့လာနေတာ သေချာတယ်။ ပြောင်းကာစမှာ လိုသေးတာတွေကို နားလည်ကြရမယ်။ ဖုံးနေတဲ့ပြာတွေက အကုန်လွှင့်စင်မသွားသေးဘူး။ သဘာဝလေနည်းနေရင် မီးပုလွေနဲ့မှုတ်ပေးပါ။

သံချပ်ဆိုတာ ပြောင်တာလှောင်တာမှန်ပေမယ့် အရွဲ့တွေကို တည့်စေချင်တဲ့စေတနာနဲ့သာ စပ်ဆိုရတယ်။ သင်္ကြန်မဏ္ဍပ်ဟာ အနုပညာသည်တွေအတွက်ရော သရုပ်ပျက်တွေအတွက်ပါ စင်ဖြစ်တယ်။ စင်ပေါ်တင်တော့ မြင်သာတယ်။ မမြင်ရတာတွေက ပိုလေးနက်တယ်။ တနှစ်မှာ ၃၆၅ ရက်ကြာတယ်။ ပြာတွေကို ခါကြပါ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၅
၁၂-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ