Natural Gas ဓါတ်ငွေ့

ဘာသာပြန်စရာတခုကို တပိုင်းတစလုပ်၊ မေးခွန်းတွေကိုဖြေ၊ မေးနည်းစည်းကမ်းကို လူ ၂ဝ လောက်ဆီပို့ပေးပြီး၊ ပေါ့ပေါ့ပါးပါးလေး ရေးစရာစဉ်းစားပါတယ်။

မနက်က နိုင်ငံရေးစကားပြောချင်သူကလာခေါ်လို့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ပြောကြတာတော့ အလေးစားတွေပါ။ တိုက်ပွဲတွေနဲ့ ဘာသာရေးအမည်ခံသတင်းတွေအကြောင်း။ ဘယ်သူတွေကနေ မီးတိုက်ပေးသလည်း၊ ဓါတ်ဆီလောင်းပေးနေသလည်း၊ လေမှုတ်ပေးနေသလည်း။ တချို့အကြောင်းအချက်တွေကို သိပေမယ့် ရေးမဖြစ်၊ ပြောမသင့်တာတွေရှိတယ်။ လူချင်းရင်းနှီးပေမယ့်လည်း ပြောမထွက်တာတွေရှိသေးတယ်။

မမြင်ရတာတွေက ပိုကြောက်စရာကောင်းတယ်ဆိုတာ အမှန်တကယ်ရှိတယ်။ အရေးက ပေါ့သေးသေး မဟုတ်ပါ။ အော်နေကြတာတွေတချို့က မမှန်ပါ။ လုပ်ပြနေကြတာတွေတချို့ကလည်း မှားတယ်။ မသိသေးသ၍တော့ သူ့နယ်ပယ်မှာ ဟီးရိုးတွေလို့ မြင်ကြမယ်။ မျက်လှည့်ဆရာပြတာချည်း ကြည့်နေလို့ကတော့ ဦးထုပ်ထဲက ခိုထွက်လာတာပဲ မြင်ရမယ်။

ပေါ့ပေါ့လေးပဲ ပြောပါမယ်။ အရောင်အဆင်းမရှိ၊ အရသာမရှိ၊ မီးလောင်ခြင်းကိုအားပေး၏ဆိုတဲ့ဓါတ်ဆိုတာ ငါးတန်းကလည်းကသင်ခဲ့ကြရတယ် မဟုတ်လား။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး