Therapist ပယောဂဆရာများ
လွတ်မြောက်လာတဲ့သတင်းနဲ့အတူ ဝေဖန်ကြတာတွေက ပွက်လောညံနေတယ်။ တချို့ကျောင်းသားတွေက ပြောတာကို ပြန်မေးနေကြတာလည်း ဖတ်ရတယ်။ (သားသုံးသား) အသုံးက ပြန်ပေါ်လာတယ်။
လွှတ်ပေးတဲ့သူနဲ့ ကာလုံကို ရန်တိုက်ပေးတာလည်း ဖတ်ရ ကြားရတယ်။ ကနေ့ပဲ VOA ကမေးလို့ နည်းနည်းဖြေရတယ်။ (ဒေးဗစ် စတိုင်းဘတ်) နဲ့ ကျွန်တော်က ထိန်းထိန်းသိမ်းသိမ်းပြောပါတယ်။
တပ်မတော်နဲ့ NLD ကို ရန်တိုက်သလိုက မသင့်ပါ။ တိုင်းပြည်အတွက်ပါ။ စစ်တပ်ကို ချော့ဘို့မဟုတ်ပါ။ စစ်တပ်ကို စည်းရုံးရမယ်လို့ သူငယ်တန်းနိုင်ငံရေးလို ပြောချင်တာတော့မဟုတ်ပါ။ ကနေ့တပ်မတော်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကာကွယ်မယ်လို့ ပြည်ခိုင်ဖြိုးထက် ပိုပြောနေတာပါ။ ချိုချိုလေးစည်းရုံးရေးနဲ့ ရမှာမဟုတ်ပါ။ ဆေးခါးကြီးတိုက်လည်း မရလောက်ပါ။ ကုထုံးသိတဲ့သူက တတ်စွမ်းသရွေ့ လုပ်နေတာကို ပယောဂဆရာတွေက ဝင်မရှုတ်သင့်ပါ။
ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၆

Comments
Post a Comment