A flower cannot blossom without sunshine ပန်လေးတွေပြန်ပွင့်ကြပြီ
အခုနေတဲ့အိမ်အနားမှာ ပန်းလေးတွေစပွင့်လာကြပြီ။ ဒီနားမှာ တခြားနေရာတွေထက် ပန်းတွေပွင့်တာ နည်းနည်း နောက်ကျတယ်။ မြက်ခင်းတွေကတော့ နှင်းမကုန်ခင်ကတည်းက အစိမ်းရောင်ပြန်ဖြစ်ပါတယ်။
ငှက်ကလေးတွေကတော့ ရတုလေးလီစလုံးမှာ အစာထွက်ရှာကြတယ်။ သူတို့လည်း အအေးဒဏ်၊ နှင်းဒဏ်၊ မိုးဒဏ်ကို အန်တုပြီး ဝမ်းစာရှာကြတယ်။ ဒီအနီးအနားမှာနေကြတဲ့ မြန်မာပြည်ကလူတွေလည်း သဘာဝဒဏ်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြရတယ်။ အဲတာကတော့ လူတွေရဲ့ရွေးချယ်မှုအရပါ။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ရှိတာကို ဒီမိုကရေစီလို့ ခေါ်ကြတယ်။ မြန်မာပြည်မှာလည်း ပန်းလေးတွေပြန်ပွင့်နိုင်ကြပြီထင်ပါတယ်။
ပန်းလေးတပွင့်ဟာ နေရာင်မရပဲ ပွင့်မလာနိုင်ဘူး။ လူဆိုတာလည်း မေတ္တာတရားမရှိရင် ရှင်သန်လို့မဖြစ်ပါ။ (Max Muller မက်စ် မူလာ)
ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments
Post a Comment