Touch screen medication ပွတ်ဆေးလိုချင်တယ်

ကွန်မင့်တခု = ကလေးရအောင် သောက်ဆေးလေး ညွန်းပေးပါအုံးဆရာ။

ဟာ့ ကလေးမရနိုင်သေးသူကို လျှက်ဆားပေးသလို ပေးမရပါ။ မေးတဲ့သူ အသက် မသိပါ။ အိမ်ထောင်သက် မသိပါ။ ရာသီ မသိပါ။ တားဆေးတားနည်း မသိပါ။ မေးနည်းစည်းကမ်းအရ မေးလိုက မေးပါ။

ဖေ့စ်ဘွတ်ခေတ်မှာ ပို့စ်လေးတခုကေ ခါင်းစဉ်လေးတပိုင်းတစနဲ့ အားရကျေနပ်တဲ့အကျင့်ကိုရနေကြပုံပဲ။ လွယ်ချင်လွန်း နေကြတယ်။

လူ့ပြည်ကအပ်တစင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစင်းဆိုတာမျိုးလည်း မဖတ်ကြတော့ဘူးလား မသိပါ။ သင်္ကြန်မှာ သိကြားမင်းလည်း ဖေ့စ်ဘွတ်ကနေသာ ကိုယ်ရောင်ပြမယ်ထင်ရတယ်။ ခက်တာက ဖေ့စ်ဘွတ်ကနေ ကလေးရဘို့အရေး တို့ဆေး ပေးမရပါ။ (ဆခရင်မ်) ပွတ်တာနဲ့ ကုသနိုင်တဲ့ ပွတ်ဆေးသာလိုချင်မိတော့တယ်။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး