Own a car အမတ်ဆိုပြီးရော

Khun Gamani အမေရိကန်တို့ အင်္ဂလန်တို့မှာ ဝန်ကြီးစာရင်း၊ လွှတ်တော်ကော်မတီ၊ ကော်မရှင်စာရင်းတွေထုတ်ရင် လူနာမယ်နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ပါတီနာမယ်ကို ထည့်ပေးရတယ်၊ လွှတ်တော်ထဲ ထဆွေးနွေးတာကို သတင်းစာထဲရေးရင်လဲ ပါတီနာမယ်အတိုကောက်ကို လူနာမယ်နောက်က ထည့်ပြတယ်။ ဗမာပြည်မှာလဲ အဲလိုအကျင့်လုပ်ကြပါ။ နို့မို့ရင် လူလား ဖွတ်လား မကွဲဘူး။

Tint Swe အဲတာဟုတ်တယ်။ လွန်ခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ရေဒီယိုတွေအပါအဝင် မီဒီယာတွေက ပါတီနာမည် မထည့်ကြတာက အတော်ကြီးကိုများလွန်းတယ်။ အဲတာဘာလည်းမသိဘူး။ ယူအက်စ်မှာဆို တခါတည်းတန်းသိတယ်။ ဗမာပြည်မှာက အမတ်ဆိုပြီးရော သဘောထားနေကြသလားမပြောတတ်ဘူး။

ငယ်ငယ်ကကြားဖူးတယ်။ အိမ်ထောင်ဖက်ရှာတဲ့ အမျိုးသမီး၊ သူယူမယ့်သူမှာ ကားပါရင်ပြီးရောတဲ့။ အဲသည်ခေတ်က ကားဝယ်နိုင်ရင်သူဌေး။ ရတော့ မုဆိုးဖို။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး