Breast Cancer Treatment regimes ရင်သားကင်ဆာ ကုထုံးများ

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်၊ သုတေသနလုပ်ချိန် = အောက်တိုဘာ ၂ဝဝ၆

1. Ductal carcinoma in situ နို့ပြွန်လေးမှာသာ ကွက်ဖြစ်နေတဲ့ ရင်သားကင်ဆာ
Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
(a) Conservative surgery + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဓါတ်ကင်နည်း၊
ပြန်ဖြစ်နှုန်းနည်းတယ်။ အသက်ရှည်နှုန်း မထူးခြား။

(b) Conservative surgery + Tamoxifen + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဆေး + ဓါတ်ကင်နည်း၊
သိသိသာသာနည်းတယ်၊ ဒါပေမယ့် အသက်ရှည်နှုန်း ၆ နှစ်ထက်တော့မပိုပါ။

2. Breast cancer (Operable) ခွဲစိတ်နိုင်တဲ့အဆင့်ရှိတဲ့ ရင်သားကင်ဆာ
(a) Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
- Adjuvant chemotherapy ဆေးပေးနည်း၊
- Adjuvant Tamoxifen ဆေးပေးနည်း၊
- Athracycline regime as adjuvant chemotherapy ဆေးပေးနည်း၊
- Breast conservative surgery တစိတ်တပိုင်းခွဲစိတ်နည်း
- Chemotherapy + Tamoxifen ဆေး ၂ မျိုးပေးနည်း၊
- Ovarian ablation in premenopausal women
- Breast conservative surgery + Radiotherapy တစိတ်တပိုင်းခွဲစိတ်နည်း + ဓါတ်ကင်နည်း။

(b) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Neoadjuvant chemotherapy ဆေးပေးနည်း၊
- Mastectomy + Tadiotherapy ခွဲစိတ်နည်း + ဆေးပေးနည်း၊
- Total nodal radiotherapy in high risk disease အန္တရာယ်များသူကို ဓါတ်ကင်နည်း။

(c) Trade-off မသုံးတော့တဲ့နည်း
- Axillary clearance ဂျိုင်းအကျတ်ရှင်းနည်း၊
- Axillary radiotherapy ဂျိုင်းဓါတ်ကင်နည်း၊
- Radiotherapy after mastectomy ခွဲပြီးနောက် ဓါတ်ကင်နည်း။

(d) Unknown to be beneficial မသခြာတဲ့နည်း
- Radiotherapy to the internal mammary chain ရင်ခေါင်းတွင်းတက်စေ့လမ်းကိုဓါတ်ကင်နည်း၊
- Radiotherapy to the ipsilateral supraclavicular fossa ညှပ်ရိုးအထက် ဓါတ်ကင်နည်း။

(e) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Enhanced dose regimes of adjuvant chemotherapy အားဖြည့်ဆေးပေးနည်း၊
Prolonged chemotherapy (8-12 months Vs 4-6 months) တာရှည်ဆေးပေးနည်း၊
Radical mastectomy ရင်သားတခုလုံးထုတ်နည်း။

3. Locally advanced Breast cancer နေရာမှာကွက်ပြန့်နေတဲ့ ရင်သားကင်ဆာ
(a) Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Radiotherapy ဓါတ်ကင်နည်း၊
- Radiotherapy after attempted curative surgery ခွဲစိတ်ကုသနည်းနဲ့ကြိုးစားပြီး ဓါတ်ကင်နည်း၊
- Surgery ခွဲစိတ်ကုသနည်း၊
- Tamoxifen + Radiotherapy ဆေး + ဓါတ်ကင်နည်း။

(b) Unlikely to be beneficial အကျိုး မများလောက်တဲ့နည်း
- Chemotherapy (Cyclophosphamide/Methotrexate/Fluorouracil or Anthracycline based regimes) ဆေးပေးနည်း။

(B) Breast cancer (Metastatic) အဝေးကိုပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာ
1. Beneficial အကျိုးရှိနိုင်သည့် ကုသနည်း
(a) Chemotherapy ဆေးပေးကုသနည်း
- Anthracycline based regimes (CAF) containing Doxorubican as final line of treatment ဆေးပေးနည်း၊
- Classical combination chemotherapy (CMF) ဆေးပေးနည်း၊
- First line chemotherapy + Monoclonal antibody (in women with over-expressed HER2 neu Oncogene) ဆေး ၂ မျိုးပေးနည်း။

(b) Hormone treatment ဟော်မုန်းပေးကုသနည်း
- Selected Aromatase inhibitors as first line hormonal treatment in postmenopausal women သွေးဆုံးပြီးလူနာ ဆေးပေးနည်း၊
- Selected Aromatase inhibitors as second line hormonal treatment in postmenopausal women သွေးဆုံးပြီးလူနာ ဆေးပေးနည်း၊
- Tamoxifen as first line treatment in Oestrogen receptor positive disease ဆေးပေးနည်း။

(c) Radiotherapy ဓါတ်ကင်နည်း
- Radiotherapy + appropriate analgesia ဓါတ်ကင်နည်း + အနာသက်သာဆေးပေးနည်း၊
- Radiotherapy for spinal cord compression ခါးရိုးဆစ်ဖိအားသက်ရောက်နေသူကို ဓါတ်ကင်နည်း၊
- Radiotherapy + high dose steroids in spinal cord compression ခါးရိုးဆစ်ဖိအားသက်ရောက်နေသူကို ဓါတ်ကင်နည်း + စတီရွိုက်ဆေးများများပေးနည်း။

2. Likely to be beneficial အကျိုးရှိနိုင်လောက်သည့် ကုသနည်း
- Bisphosphonates for bone metastasis အရိုးထိရောက်နေသူကို ဆေးပေးနည်း၊
- Combined Gonadorelin analogues + Tamoxifen as first line treatment in premenopausal women သွေးမဆုံးသေးသူကို ဆေး ၂ မျိုးတွဲပေးမည်း၊
- New cytotoxic drugs in Anthracycline resistant diseases such as Taxanes and smisynthetic vinca alkaloids as second line treatment ဆေးပေးနည်း၊
- Radiotherapy to control cerebral and choroidal metastases ဦးနှောက်ထိရောက်နေသူကို ဓါတ်ကင်နည်း။

3. Trade-off မသုံးတော့တဲ့နည်း
- Ovarian ablation as first line treatment in premenopausal women Vs Tamoxifan သွေးမဆုံးသေးသူကို မျိုးဥအိမ်ထုတ်နည်း + ဆေးပေးနည်း၊
- Progestin as first line treatment Vs Tamoxafen, beneficial in women with bone pain and anorexia အရိုးနာနေသူကို ဟော်မုန်းဆေး (သို့) တခြားဆေးပေးနည်း။

၂-၁၁-၂ဝ၁၁ ရင်သားကင်ဆာ ဆေးကုသနည်းသစ်
Clinical Oncology ဆေးပညာ ဂျာနယ်ထဲမှာ Intergroup Exemestane Study's (IES) ရဲ့ ထုတ်ချက်အရ breast cancer ရင်သားကင်ဆာကြောင့် Tamoxifen ဆေးကို ၂-၃ နှစ် ပေးပြီးတဲ့နောက်မှာ Exemestane ခေါ်တဲ့ Aromatase inhibitor ဆေးကို ပြောင်းရင် သေဆုံးရတဲ့ဦးရေကို သိသိသာသာ လျှော့စေနိုင်တယ်လို့ ပါရှိပါတယ်။

ရင်သားကင်ဆာထဲက Estrogen receptor-positive ဟော်မုန်းဓါတ်ကိုသက်ရောက်မှုရှိတဲ့ အမျိုးအစားကို စောစောသိသူတွေကို ခွဲစိတ်ပြီးတဲ့နောက်မှာ Tamoxifen ဆေးကို ၅ နှစ်ကြာပေးနေတာက ကနေ့ စံအနေနဲ့ သတ်မှတ်သုံးစွဲနေတာ ဖြစ်ပါတယ်။ Recurrence နောင်ပြန်မဖြစ်အောင် လုပ်တာပါ။ သေဆုံးမှုနှုန်း ၃၄% လျှောနည်းတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ အမျိုးသမီးတွေကို Aromatase inhibitors ဆေးကို အစေပေးဆေး အနေဲ့ဖြစ်ဖြစ်၊ နောက်ပေးဆေးအနေနဲ့ဖြစ်ဖြစ် ပြောင်းပေးနေပါတယ်။

Intergroup Exemestane Study ရယ် Institute of Cancer Research's Clinical Trials & Statistics Unit ရယ် Imperial College London's Clinical Trials Unit (Cancer) ရယ် ပူးပေါင်းပြီး ရေရှည်အကျိုးဖြစ်တာကို ၃၇ နိုင်ငံမှာ ၁၉၉၈ ကတည်းက လေ့လာနေခဲ့ပါတယ်။ Tamoxifen ဆေးကို ၂-၃ နှစ်ပေးပြီး၊ Exemestane ဆေးကို စုစုပေါင်း ၅ နှစ်ပြည့်အောင် ပေးနည်း ဖြစ်ပါတယ်။ Pfizer Inc. ကနေ ငွေကြေးထောက်ပံတဲ့ သုတေသန ဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် ထုတ်ပြန်ချက်အရ အဲလို ဆေးတမျိုးထဲကနေ နောက်တမျိုးကို ပြောင်းပေးခဲ့သူ၊ နောက်ပြီး ရောဂါလဲ ၂-၃ နှစ်အထိ ရောဂါ ပြန်မဖြစ်သူတွေ ဖြစ်တဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သေဆုံးမှုနှုန်း နည်းတာသိရတယ်။ ဒါပေမဲ့ ဒီလိုကောင်းတဲ့ အလားအလာဟာ နောက်မှာလဲ ဆက်ကောင်းနေ-မနေတော့ စောင့်ကြည့်ရပါအုံးမယ်။

လေ့လာမှုပြုသူတွေထဲမှာ ဟော်မုန်း သက်ရောက်မှုရှိတဲ့ ကင်ဆာ လူနာပေါင်း ၄ဝ၅၂ ယောက်နဲ့၊ တခြားအမျိုးအစား ကင်ဆာ လူနာပေါင်း ၅၄၇ ယောက်တို့ ပါဝင်ခဲ့ပါတယ်။ သူတို့ကို ၉၁ လအကြာမှာ ပြန်လေ့လာခဲ့တယ်။ ဆေးပြောင်းသူတွေမှာ ဆေးတမျိုးထဲသာ ပေးသူတွေထက် ကင်ဆာ ပြန်ဖြစ်နှုန်း ၁၈% နည်းပြီး၊ သေဆုံးမှုမှာ ၁၄% လျှော့နည်းတာ တွေ့ရတယ်။ ဆေးသစ်ရဲ့ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ကြွက်သား-အရိုး နဲ့ ဆိုင်တာတွေ များပြီး၊ မီးယပ်နဲ့ဆိုင်တာတွေ နည်းတယ်။ ခြုံကြည့်ရင်တော့ သိပ်မကွာပါ။

(ယူကေ) မှာ နှစ်စဉ်နှစ်တိုင်း အမျိုးသမီးပေါင်း ၄၈ဝဝဝ ယောက်မှာ ရင်သားကင်ဆာ ဖြစ်နေတာ တွေ့နေရပါတယ်။ ၇၅% လောက်ဟာ estrogen receptor positive tumor (အီစထိုဂျင်) ဟော်မုန်း နဲ့ ဆက်နွယ်နေတဲ့ အမျိုးအစားဖြစ်ကြတယ်။ Tamoxifen ရော Exemestane ရောဟာ ဒီလို အမျိုးအစား ကင်ဆာအတွက်သုံးရတဲ့ဆေးတွေပါ။ tamoxifen ဆေ;ဟာ ကင်ဆာ အကျိတ်ကို (အီစထိုဂျင်) အသုံးမချစေအောင် လုပ်ပေးတယ်။ aromatase ဆေးကတော့ ကိုယ်ကနေ (အီစထိုဂျင်) တွေ ထွက်မလာစေအောင် လုပ်ပေးတယ်။သုတေသနလုပ်သူတွေ ယူဆတာက တချို့ကင်ဆာ (ဆဲလ်) တွေက Tamoxifen ဆေးကို ခံနိုင်ရည်ရှိလာနိုင်တယ်။ Exemestane ဆေးကနေ အဲလို ခံနိုင်ရည်ရှိသွားတဲ့ (ဆဲလ်) တွေကို သတ်ပြစ်မယ်။ (အီစထိုဂျင်) တွေ သွေးထဲကနေ ဖယ်ရှားပေးတာမို့ အဲလို လုပ်စေနိုင်တာ ဖြစ်မယ်။

UK Cancer Research ကင်ဆာသုတေသန သတင်းပြန်ကြား ဒါရိုက်တာ Dr Lesley Walker ပြောတာက ဒီရလဒ်တွေအရ Exemestane ဆေးဟာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရင်သားကင်ဆာ ကုသဘို့အတွက် အပိုတန်ဘိုး ရှိပါတယ်။ Tamoxifen ဆေးပြီးသူတွေအတွက်လဲ ရှောင်ရှားနိုင်တယ်။ ဆေးကုသမှုကို တိုးတက်စေပြီး၊ သေနှုန်း နည်းစေတယ်။ Aromatase inhibitors ဖြစ်တဲ့ Exemestane လိုဆေးဟာ ရင်သားကင်ဆာကုထုံးကို ပိုမိုကောင်းစေတယ်။ ရင်သားကင်ဆာ ကာကွယ်ရေးအတွက် အားတက်စရာ ဖြစ်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး