Heart Bypass Surgery နှလုံး ဘိုင်ပတ်စ် ခွဲစိတ်ကုသခြင်း

Coronary artery bypass surgery (ကိုရိုနရီ) သွေးလွှတ်ကြော ခွဲစိတ်ကုသနည်းလို့လည်းခေါ်ပါတယ်။ နှလုံးမှာ ပျက်စီးသွာတဲ့ သွေးလွှတ်ကြောကို တခြားနေရာကနေရယူပြီး အစားထိုးဆက်ပေးနည်းဖြစ်ပါတယ်။

အဲဒီသွေးလွှတ်ကြောက ပိတ်နေလို့ အရေးပေါ်လုပ်ပေးရတာဖြစ်ပါတယ်။ အဲလိုမလုပ်ရင် သူကနေသွေးလွှတ်ပေးနေတဲ့ နှလုံးကကြွက်သားတွေ သေကုန်မှာပါ။ သွေးလွှတ်ကြောလေးတွေထဲမှာ (ပလိပ်) လိုခေါ်တဲ့အလွှာတခုဖြစ်လာလို့ သွေးစီးရတာ ကျဉ်းမြောင်းလာတယ်။ ကြွက်သားတွေ သွေးမဝဖြစ်လာတယ်။ နှလုံးဘယ်ဖက်အောက်ခန်းမှာ အများဆုံး ဖြစ်တယ်။ အဲလိုရောဂါကို Coronary artery disease (Atherosclerosis) လို့ခေါ်ပါတယ်။

ခွဲစိတ်ကုသမှုမှာ သတိထားစရာတွေရှိတယ်။ သွေးယိုမယ်။ နှလုံးခုန်မမှန်ဖြစ်မယ်။ သွေးခဲနိုင်တယ်။ ရင်ပတ်နာမယ်။ ပိုးဝင်မယ်။ ကျောက်ကပ်ပျက်စီးမယ်။  ကိုယ်ပူမယ်။ မှတ်ဉာက်မေ့မယ်။ (ဆထုပ်ခ်) ရမယ်။

တခြားကုသနည်းတွေလည်းရှိတယ်။
၁။ Balloon Angioplasty ဗူဘောင်းထည့်ပေးနည်းလုပ်နိုင်တယ်။
၂။ Enhanced External Counterpulsation (EECP) နည်းကို ၂ဝဝ၃ ကတည်းကစသုံးတယ်။
၃။ Medications ဆေးပေးနည်းမှာ Beta blocker ဆေးပေးရတယ်။ Aspirin ဆေးလည်းတွဲပေးရတယ်။

မခွဲခင်မှာ စစ်ဆေးတာတွေလုပ်ရမယ်။ Blood samples သွေးစစ်ခြင်း။ Chest X-ray ဓါတ်မှန်။ Electrocardiogram ရိုက်ခြင်းနဲ့ Angiogram ရိုက်ခြင်း။

ခွဲနေတုန်းမှာ Heart-lung machine စက်သုံးရတယ်။ အများအားဖြင့် ခြေထောက်ကသွေးကြောတခုကိုဖြတ်ယူတယ်။

အမေရိကားမှာ တနှစ်ကို လူနာပေါင်း ၃ သိန်း၊ ၉ သောင်း၊ ၅ ထောင် ခွဲပေးနေရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး