Wednesday, April 13, 2016

Help me please Saya! ဆရာရေ ကယ်ပါဦး

တကိုယ်လုံး အင်ပြင်ထနေတဲ့ပုံတွေနဲ့ မေးခွန်းတခု အခုပဲဝင်လာတယ်။

ဆရာရေ ကယ်ပါဦး ကျွန်မအခု့ ဘက်က့ တောရကျောင်းရောက်နေပါတယ်။ တကိုယ်လုံးပါဆရာ။ ဘာဆေးမှ မရှိပါဘူး။ တရားစခန်းလာဝင်တာ တရားတောင်မထိုင်နိုင်ပါဘူးဆရာ။ တကိုယ်လုံးလဲနာနေပါပြီ ကုတ်ရလွန်းလို့ပါ။ ဆေးပေးခန်းလဲပိတ်ထားပါတယ်။ သောက်ဆေးလိမ်းဆေးဘာမှမရှိပါဘူး သနပ်ခါးနဲ့ဆားကြမ်းလေး လိမ်းဖို့တောင် မရှိပါဘူး။

ကျား-မ-အသက် ပြောပါ။ ဖြစ်တာဘယ်လောက်ကြာ ပြောပါ။ ဘယ်လိုခံစားနေရ ပြောပါ။

ဟုတ်ကဲ့ဆရာ ကျွန်မအသက် ၂၅ ပါ။ ရာသီလာပြီးတာ တစ်ပတ်ဝန်းကျင်ပါ။ ပြီးခဲတဲ့အပတ် ဆရာ့ဆီ လက်ကောက် ဝတ်မိလို့ အလာဂျီဖြစ်တော့တောင် ဆရာက ကော်တီဆုန်းညွှန်းလို့ လိမ်းလိုက်ပါသေးတယ်။ ကြားထဲ အရေပြား အထူးကုဆီသွားပြီး လိမ်းဆေးရလာပါတယ်။ သက်သာသလိုတော့ရှိပါတယ်။ ဒါကအခု ဖြစ်တာ၂ ရက်ရှိပါပြီ။ အနီစက် အသေးလေးတွေ အရင်ထွက်ပါတယ်။ ပြီးမှ ယားပြီးကုတ်ပြီး အပိန့်အဖုများလာ ကြီးလာပါတယ်။

အနီပြင်၊ အဖုအပိန့်၊ အင်ပြင်ထနေတာကို Cetirizine (စီထရက်ဇင်း) ဆေးပေးရတယ်။ 5mg နဲ့ 10mg စားဆေး။ ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲရတယ်။ ကလေးတွေကိုလဲပေးနိုင်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ၁၄% မှာ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။

Cetirizine ဆေးတမျိုးထဲနဲ့မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါ ပေးရတတ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။

ဆရာ ဘာဆေးခန်းမှလဲမရှိဘူးရှင့် ဝယ်စရာဆိုင်လဲမရှိလူလဲမကြုံဘူး ကျွန်မလဲ သောကရောက်နေပါတယ်ရှင့်။

ဆောရီး။ Cetrizine မရရင် Burmeton တော့လွယ်မယ်။ နည်းနည်းအိပ်ချင်တာကလွဲရင် ကောင်းတယ်။ မနေနနိုင်ရင် စာထဲပါထိုးဆေးထိုးရမယ်။ Calamine/Caladryl lotion လိမ်းပါ။

ဒီမေးခွန်းကနေ အသိပညာလေး ပေးပါရစေ။ သင်္ကြန်လို နေ့အားရက်တွေအကြာကြီးပေးတာ မကြိုက်ပါ။ အရေးပေါ်ဆိုတာ နေ့တိုင်း၊ မနက်ညတိုင်းရှိတယ်။ အရေးပေါ်အစီအမံတွေ ကြိုတင်စီစဉ်ထားရမယ်။ ဆေးဝါးမရှိတဲ့အရပ်ကို မတတ်သာလွန်းမှသာသွားလာပါ။ အလာဂျီရှိသူတိုင်းဟာ အရေးပေါ်အတွက် အလာဂျီဆေးကို သွားလေရာယူသွားပါ။

Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်
• Skin Creams and Lotions လိမ်းဆေး
အရေပြားမှာ ယားယံပြီး အနီပိန့်တွေအတွက် Moisturizer နဲ့ Hydrocortisone cream ကိုဆောင်ထားပါ။ Moisturizers ကနေ အရေပြားကို ယားတာ၊ နေမထိထိုင်မသာဖြစ်တာကို သက်သာစေမယ်။ Hydrocortisone ကနေ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေမယ်။ Calamine lotion ကောင်းပါတယ်။ Zinc oxide (ZnO) + 0.5% Ferric oxide (Fe2O3) ရောထားတဲ့ဆေးဖြစ်တယ်။

• Injectable Epinephrine (အပီနက်ဖရင်း) ထိုးဆေး
Adrenaline လို့လဲခေါ်တယ်။ Hormone ဟော်မုန်း တမျိုး နဲ့ Neurotransmitter ဖြစ်တယ်။ ဆိုးဝါးတဲ့ (အလာဂျီ) ရရင် ဆေးထိုးမှ မြန်မြန်သက်သာမယ်။ တချို့ အခြေအနေတွေက အသက်ကိုပါ ရန်ရှာနိုင်တယ်။ Anaphylaxis (Shock) ခေါ်တယ်။ အလွယ်ထိုးလို့ရတဲ့ Epinephrine (အပီနက်ဖရင်း) ထိုးဆေးကို EpiPen or Twinject နာမည်နဲ့ ဝယ်လို့ရတယ်။ ဆေးမတည့်တာ၊ အစာမတည့်တာ၊ အကောင်ကိုက်တာကနေ (အလာဂျီ) ရတာတွေကို ချက်ချင်းသက်သာစေမယ်။ ဆိုးဝါးတဲ့အဆင့်ဆိုတာ အသက်ရှူလမ်းကြောင်း ရောင်လာလို့ အသက်ရှူ ခက်လာမယ်၊ သွေးဖိအား ကျလာမယ်၊ ဂနာမငြိမ်ဖြစ်လာမယ်။

• Decongestants (ဒီကွန်ဂျက်စတင့်) ဆေး
(အလာဂျီ) ရရင် Congestion (ကွန်ဂျက်ရှင်း) ဆိုတာဖြစ်လာမယ်။ နှာခေါင်းက တစ်ရှူးတွေမှာ သွေးကြောတွေ ကျယ်လာလို့ ရောင်ရမ်း နီရဲလာတာ ဖြစ်တယ်။ ဒီလိုဖြစ်စဉ်ကို သက်သာအောင် (ဒီကွန်ဂျက်စတင့်) ဆေးပေးရတယ်။ ဒီဆေး တမျိုးထဲလဲ ရှိတယ်။ (အင်တီဟစ်တမင်း) နဲ့ တွဲလာတာလဲ ရှိတယ်။

• Nasal Sprays နှာခေါင်းထည့်ဆေး
(ဒီကွန်ဂျက်စတင့်) ဆေးက နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရှိတယ်။ ဒါပေမဲ့ ရက်ကြာကြာ မသုံးရပါ။

• Antihistamines (အင်တီဟစ်တမင်း)
ဒီဆေးမျိုးက စားဆေးနဲ့ အရင်က အသုံးများတယ်။ နှာခေါင်းထည့်ဆေးအနေနဲ့လဲ ရတယ်။ (ဒီကွန်ဂျက်စတင့်) နဲ့ ရောထားတာလဲ ရှိတယ်။

• Medical alert bracelet ဆေးလက်ကောက်
(အလာဂျီ) ဖြစ်ဖူးသူတိုင်း ကိုယ့်ကျန်းမာရေး ရာဇဝင် မှတ်တမ်း အမြဲဆောင်ထားရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တဲ့ အဆင့်အထိ ရှိသူဆိုရင် လက်မှာပတ်ထားလို့ရတဲ့၊ အချက်အလက်တွေအစုံပါတဲ့ လက်ကောက်ကို အမြဲပတ်ထားသင့်တယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေး နဲ့ အစားအစာစာရင်း၊ သုံးနေတဲ့ဆေးစာရင်း၊ ကုသပေးနေတဲ့ ဆရာဝန်-ဆေးခန်း၊ အရေးပေါ်ဌာန စတာတွေ ပါရတယ်။

• Bronchodilators လေပြွန်ကျယ်ဆေး
(အလာဂျီ) ဖြစ်စေတာတွေကနေ Asthma ပန်းနာအထိ ဖြစ်သွားတတ်တယ်။ ပန်းနာထတာဟာ လေပြွန်လေးတွေကျဉ်းလို့ အသက်ရှူမဝ ဖြစ်တာသာ ဖြစ်တယ်။ လေပြွန်ကျယ်ဆေး ပေးရတယ်။ စားဆေး၊ ထိုးဆေးရှိတယ်။ အလွယ်ဆုံးက ရှူဆေးဘဲ။ ဒီဆေးမျိုးသက်သက် ပါတာက နဲနဲဖြစ်ရင် တခါနှစ်ခါသာ ရှူတာနဲ့ သက်သာစေတယ်။ Steroids ပါတဲ့ရှူဆေးက ချက်ချင်းဖြစ်တာအတွက် မကောင်းဘူး။ ရေရှည်အတွက် သုံးသင့်တယ်။

• Dust-Proof Pillowcase ခေါင်းအုန်း
ခေါင်းအုန်းကို အမှုံမထစေနိုင်တာမျိုး သုံးပါ။ အထူးသဖြင့် ခရီးထွက်ရဖန်များသူတွေ တပါတည်းဆောင်သွားသင့်တယ်။ Dust mite-proof, zippered pillow covers အမျိုးအစားကို သုံးပါ။

• Allergy Relief Kit ဘယ်မှာထားမလဲ
အစုံပါနေ-မနေ စစ်ဆေးပါ။ ဆေးရက်လွန်သွားတာတွေ အစားထိုးပါ။ သွားလေရာ သယ်သွားပါ။ အိမ်မှာလဲ ရှာလို့လွယ်ရာမှာ ထားပါ။

Dr. တင့်ဆွေ
၁၄-၄-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...