Disable doctor (2) ဒုက္ခိတဆရာဝန်

• (လဘ်) ထိုးခြင်းမပြုပါရန်လို့ စည်းကမ်းတခုတွေ့ပါတယ်။
(လာဘ်) လို့ရေးရပါ။ ပါဠိလို (လာဘ) ကနေလာလို့ဖြစ်ပါတယ်။

• တချို့က (လာဒ်) နဲ့ ရေးသေးတယ်။ အဲဒါက result ကိုသုံးတာမို့လားဆရာ။
(ရလဒ်) မှာ ရေးချမပါ။ (ဒဏ်) မှာလည်းမပါဘူး။

• ကျေးဇူးပါပဲဆရာ။ ရောဂါလက္ခဏာတွေက သမီးဖြစ်နေတာနဲ့ တပုံဆန်ထဲပါပဲ။
(တပုံစံတည်း) လို့ ရေးရတယ်။

• သမီးကိုယ်ဝန်ပြတ်ကျခဲ့ဖူးပါတယ်။
(ကိုယ်ဝန်ပျက်ကျ) လို့ရေးရပါတယ်။

• (သက်ဦး) လို့ရေးတာနဲ့ (နို့မဝမှာဆိုးလို့) လို့ရေးတာကိုပြင်ပေးတော့ ကျေးဇူးတင်သူ တယောက်တိတိရှိတယ်။
အခုမှ သဘောပေါက်တာဆရာ။ ဆရာက (သားဦး) လို့သာရေးရတယ်၊ (နို့မဝမှာစိုးလို့) လို့သာရေးရတယ်လို့ ပြန်ဖြေပေးတော့ ဆရာက ဘာလို့ရေးပါလိမ့်ပေါ့။ ခုမှသိတာ။ ဆရာက အမှန်ပြင်ပေးတာ ကျေးဇူးပါဆရာ။

ရေဒီယိုနဲ့ အင်တာနက်ကနေ မြန်မာလိုပြောကြ ဆိုကြတဲ့ စကားမပီသတာတွေ နားထောင်နေရင်း၊ သတ်ပုံနဲ့ သဒ္ဒါအလွဲတွေရေး မေးတာတွေကို ဖတ်ဖြေနေရလို့ ကိုယ့်ကိုယ်ကို ဒုက္ခိတဆရာဝန်လို့ သမုတ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး