Hepatitis B test kit အသည်းရောင်အသားဝါ ဘီ စစ်ဆေးနည်း

ပို့စ်တခု = Aye Mya Mya Myo အသည်းရောင်အသားဝါ B ပိုးရှိမရိစစ်ဆေးနိုင်ရန် ကိရိယာဝယ်ယူရန် ဇေယျာမောင် လူမှုကူညီရေးအဖွဲ့မှ ငွေကျပ် သုံးသိန်းရှစ်သောင်းလှူဒါန်းပါသည်။

အသည်းရောင်ဘီပိုး ကူးစက်ခံထားရသူရဲ့သွေးကိုစစ်ကြည့်ရင် Hepatitis B surface Antigen (HBsAg) တွေ့ပါမယ်။ အသည်းရောင်ဘီပိုးစစ်ဆေးတဲ့ကိရိယာကို HBsAg test kit လို့ခေါ်ပါတယ်။ အိမ်မှာတင် အမြန်စမ်းလို့ရတာမို့ Rapid Home Test for Hepatitis B (HBsAg) နဲ့ Home Bio Test Hepatitis B rapid test လို့လည်းခေါ်တယ်။

HBV အသည်းရောင်ဘီဗိုင်းရပ်စ်ကနေ Hepatitis B surface antigen (HBsAg) အင်တီဂျင်ကို ထုတ်ပေးတယ်။ ရောဂါ လက္ခဏာတွေမပေါ်ခင်ကတည်းက စမ်းရင်တွေ့မယ်။ နလံထချိန်ဆိုရင် အဲတာကပျောက်သွားပြီ။ ဒါပေမယ့် ကလေးတွေ၊ HIV-AIDS ရှိသူတွေနဲ့ နာတာရှည်အသည်းရောင်အသားဝါဖြစ်သူတွေမှာတော့ HBsAg positive အဲတာဆက်ရှိနေမယ်။ သူတို့ဆိုရင် နောက်ထပ်စစ်ဆေးမှုတွေဆက်လုပ်ရမယ်။

တချို့လူတွေမှာ HBV ပိုးက အသည်းကြားထဲပုန်းအောင်းနေလို့ သူများကိုကူစက်နိုင်အောင် ဗိုင်းရပ်စ်အသစ်တွေ ဖြစ်မလာပဲနေမယ်။ စမ်းလို့လည်းမတွေ့ပါ။ သူတို့ကို (ကယ်ရီယာ) ရောဂါသယ်ပို့သူလို့ခေါ်တယ်။

စမ်းသပ်နည်းဟာ ၉၉% တိကျတယ်။ ၁၉၉၂ မတိုင်မီတုန်းက ဘီပိုးပါသွေးသွင်းမိခဲ့သူတွေ၊ အသည်းအစားထိုးခဲ့သူတွေ၊ ကနေ့ ဆေးလောကမှာ တာဝန်ထမ်းနေရသူတွေ၊ သွေးထွက်သံယိုနဲ့တွေကြရသူတွေက စစ်ဆေးသင့်ကြပါတယ်။ စမ်းသပ်ကိရိယာကို ထုတ်လုပ်တဲ့နိုင်ငံတွေမှာ $19.95 ဒေါ်လာပေးရတယ်။ ဝယ်ရင်တော့ အခွန်ပါအုန်းမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး