Phantom pain ဘလော့ခ်ဆိုတာ ဘာရိုမီတာ
မြန်မာ့နိုင်ငံရေးကို ဆိုရှယ်မီဒီယာမှာ တိုင်းလို့ရတယ်။ (Own a car အမတ်ဆိုပြီးရော) နဲ့ (Aba’s Teachers အာစရိယဂုဏော အဘတော) ကိုရေးတာ ဘလော့ခ်လုပ်စရာ နှစ်ယောက်ခွဲရတယ်။ တယောက်ကိုတော့ မလုပ်ပါ။
အထွေထွေသိပ္ပံသင်ဘူးသူတိုင်း Barometer ဘာရိုမီတာကို လေဖိအားတိုင်းစရာကရိယာလို့ သိကြပါမယ်။ မိုးလေဝသမှာ သုံးတယ်။ မြန်မာ့နိုင်ငံရေးမိုးလေဝသကိုတော့ ဖေ့စ်ဘွတ်မှာတိုင်းလို့ရတာက ဘလော့ခ်ပါ။ တင်လိုက်တဲ့ပို့စ်က ထိရောက်ပြီဆိုရင် ဘလော့လုပ်စရာပေါ်တယ်။ ဘလော့ခ်အရေအတွက်ကြည့်တာနဲ့ ထိ မထိသိတယ်။
အဲဒီစာတွေထဲမှာ နာစရာတော့မပါပါ။ အဲတာဘာလို့နာသလည်း မပြောတတ်ပါ။ ဆေးပညာမှာတော့ Phantom pain လို့ ရှိတယ်။ (မပြောကောင်းပြောကောင်း) ခြေထောက်ဖြတ်ထားရသူမှာ အဲဒီဖြတ်ထားတဲ့ခြေထောက်က နာနေတာမျိုးကို ခေါ်ပါတယ်။ သူက တကယ့်နာတာပါ။
ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments
Post a Comment