Diabetic Nation ဆီးချိုဖြစ်နေသောတိုင်းပြည်

ကနေ့မနက်လည်း နိုင်ငံရေးစကားပြောချင်သူ မင်းတပ်မြို့သားက လက်ဖက်ရည်သောက်လာခေါ်တယ်။ သည်တခါတော့ ဆိုင်သစ်ကိုသွားတယ်။ စကားကတော့ ရင့်မာကြာနေပြီဖြစ်တဲ့ ပြည်ထောင်စုရေးက စပါတယ်။ ရှစ်ပြည်နယ်မူကို ဘယ်လို သဘောရသလည်းတဲ့။ နောက် ရှမ်းပြည်နယ်ကသတင်းတဲ့။ သူက ရခိုင်ပြည်နယ်သတင်းတော့ ထူးမမေးပါ။

တိုင်းရင်းသားအရေးပါလာရင် ကျွန်တော်လို ဗမာလူမျိုး၊ ပါတီကလည်း NLD ကမို့ စကားပြောရတာ အတော်ကြီး သတိထားနေရတုန်းပါ။ သတိထားတဲ့ အသိတရားကတော့ ကောင်းပါတယ်။ ဒါပေမယ့် သတိဆွဲပြီးပြောရတာမျိုးဟာ ပွင့်လင်းမှုနည်းတယ်။ လွတ်လပ်မှုကင်းတယ်။ အဲတော့ လက်တွေ့မှာ အသုံးမကျဖြစ်တယ်။

ကနေ့လိုစကားပြောဖေါ်နဲ့ကတော့ စာထဲချရေးတာထက် အများကြီး ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်။ အဲတာကြောင့် လက်ဖက်ရည်ဆိုင်ခေါ်တဲ့ စေတနာနဲ့ဝတ္တရား မပျက်ပါ။

သကြားများတဲ့နိုင်ငံရေးစကားမျိုး၊ စကားချိုတဲ့ဆွေးနွေးမှုမျိုးကိုသာ သဘောကျတာ ကြာလာတော့ ပြည်ထောင်စုပါ ဆီးချိုဖြစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၇-၄-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး