Careless mistakes မှားရင်ပြင်

(ကူးဆက်) ပုံလို့မေးကြတယ်။ ကူးစက်လို့ရေးရတယ်။ ကူးဆက်ဆိုရင် သစ်ပင်တွေကိုင်းကူးပြီးဆက်တာမျိုးဖြစ်သွားမယ်။ ကူးစက်ခံရမှာ စိုးရိမ်သူတွေ ကူးဆက်တာမလုပ်ပါနဲ့။

(တားဆေးဖျတ်) လို့ရေး မေးတာလည်းမကြာမကြာလာတယ်။ (ဖြတ်) လို့သာရေးရတယ်။ (ဖျက်) ဆိုရင် ကိုယ်ဝန်ဖျက်တာမှာသာ ရေးရတယ်။

(ခလေး) လို့ရေး မေးသူတွေကလည်း အတော်များတယ်။ (ကလေး) လို့သာရေးရတယ်။ ကလေးရချင်သူတွေ ကလေးသတ်ပုံမှန်ပါစေ။

ကျွန်တော်လည်း သတ်ပုံမှားရေးတတ်တယ်။ စာရိုက်ရာမှာ ကျတာ ပိုတာ လိုတာတွေဖြစ်တတ်တယ်။ ပြန်ပြင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး