Our diverse cultures သင်္ကြန်မွန်ထမင်း

မနေ့ကပဲ ပြောဖြစ်သေးတယ်။ ပြည်တွင်းထဲမှာနေရင် ကိုယ့်နေရတဲ့အဝန်းအဝိုင်းလေးမှာသာ ကျင်လည်ပြီး ကိုယ်တွေ့ မျက်မြင်သုတလည်း အဲသည်အထဲကနေရစရာကို ရနိုင်တယ်လို့။ အပြင်မှာနေရတဲ့ နှစ်အစိတ်အတွင်းမှာ မတူခြားနားတဲ့ ယဉ်ကျေးမှုမျိုးစုံနဲ့ လက်ပွန်းတတီးရှိခွင့်ရပါတယ်။

အိန္ဒိယမှာနေစဉ်က အနီးအနားများ ချင်းပြည်နယ်က လူမျိုးစု အစုံအကုန်က များတယ်။ ရခိုင်၊ ကချင်၊ ကူကီး၊ နာဂ လူမျိုးတွေနဲ့အတူ မွန်၊ ကရင်၊ ရှမ်းတွေလည်းနည်းနည်းပါတယ်။ ထိုင်းနယ်စပ်ကို ခဏခဏသွားရတော့ ကရင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ကယန်း၊ ပအို့၊ ပလောင်၊ ဓနု၊ အခါ၊ လားဟူ၊ ထားဝယ်၊ ဝ စတဲ့ လူမျိုးစုတွေကလည်း အစုံအကုန် တွေ့ရတယ်။

(ယူအက်စ်အေ) နေရပြန်တော့လည်း လူမျိုးစုတွေက အတော်များတယ်။ မွန်တယောက်ကနေ အခုပဲ သင်္ကြန်မွန်ထမင်း လာပို့တယ်။ ဖယောင်းနံ့သင်းတဲ့ရေကို ထမင်းဖြုမှာဆန်းပြီး ငါးခြောက်ကျော်၊ ငရုပ်သီးတောင့်လုံးကျော်နဲ့ စားရမယ်။ နက်ဖြန် ရခိုင်မိသားစုက မွေးနေ့ဖိတ်ထားသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး