Safety လုံခြုံမှု

မုံရွာက ငယ်သူငယ်ချင်းတယောက်နဲ့ စကားပြောရတယ်။ ၂၅ နှစ်အကြာမှသာ ပြောဖြစ်ကြတာပါ။ သူငယ်ချင်း လေဖြတ်နေတာ ကြားတော့ အေးကွာ မင်းဦးစီးဆောက်ပေးခဲ့တဲ့ ပုလဲကငါ့အိမ်လေးလည်း မလှုတ်နိုင်မယှက်နိုင်ဖြစ်နေတာ ကြာပြီပဲကွာလို့ ရေးခဲ့ဘူးတယ်။ သူက ကျွန်တော် ဘယ်မှာရောက်ပြီး ဘာတွေလုပ်နေတာသိသတဲ့။ ဟိုတနေ့က သတင်းတခုကြားရပြီး ကျွန်တော့်ကို သတိရသတဲ့။

၂၇-၃-၂ဝ၁၆ ရက်နေ့က မြောက်ကိုရီးယားကနေ ယူအက်စ်ကို ခြိမ်းခြောက်ထားတဲ့သတင်းကို သူငယ်ချင်းကကြားမိလို့ ပြောတာနေပါမယ်။ မြောက်ကိုရီးယားကနေပစ်လွှတ်လိုက်တဲ့ တိုက်ချင်းဖြစ်ဒုံးပျံကနေ ဝါရှင်တန်ဒီစီမြို့ကို ထိမှန်တာပါတဲ့ ၄ မိနစ်စာဗီဒီယိုခေါင်းစီးက နောက်ဆုံးအခွင့်အရေးတဲ့။ ကွန်ပြူတာဂိမ်းလို လုပ်ထားတာပါ။

ကမ္ဘာ့တတိယအကျယ်ဆုံးနိုင်ငံကြီးဖြစ်တဲ့၊ ဧရိယာစတုရန်းမိုင် ၃,၇၉၄,၁ဝဝ (ဧရိယာစတုရန်း ကီလိုမီတာ ၉,၈၂၆,၆၇၅) ကျယ်ဝန်းတဲ့၊ လူဦးရေ ၃၁၃,၆၃၄,၂၄ဝ နေထိုင်တဲ့၊ အမေရိကန်ပြည်ထောင်စုထဲက ကျွန်တော်အတွက် စိုးရိမ်ရမလိုလိုနဲ့ ရီမိကြောင်း သူငယ်ချင်းကပြောပါတယ်။ ဒီစာလေးရေးနေတုံး နောက်ဆုံးသတင်းကတော့ ၁၅-၄-၂ဝ၁၆ မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှု မအောင်မြင်တဲ့။ အရင် စစ်အစိုးရတွေကတော့ ကမ္ဘာမှာအဖက်လုပ်သူကနည်းလွန်းလို့ မြောက်ကိုရီးယားကို အလွန်အားကိုးခဲ့ကြတယ်။

ကျွန်တော် (ယူအက်စ်) ကိုရောက်ရတဲ့ ထူးခြားမှုကတော့ လုံခြုံမှုလို့သတ်မှတ်ပါတယ်။ ကိုယ့်နာမည်၊ မိဘနာမည်တွေနဲ့ မွေးသက္ကရာဇ်တွေကို အမှန်အတိုင်းသုံးခွင့်ရှိလာတယ်။ သွားလေရနောက်က ထောက်လှမ်းရေးနဲ့ ဘေးနားမှာ သတင်းပေးတွေ မရှိတော့ဘူးလို့ သိလာတဲ့ထူးခြားချက်ပါ။

စစ်အစိုးရတွေက စစ်ရေးအမြင်နဲ့ ကာကွယ်ရေးအမြင်ကိုသာ ဖွဲ့စည်းပုံထဲထည့်ထားတယ်။ တိုင်းသူပြည်သားတွေရဲ့ လုံခြုံမှုကို ထည့်နိုင်အောင်လုပ်ကြရလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၆
Photo: South Korea’s Yonhap news agency carried an unsourced report that a Musudan missile exploded in the air a few seconds after liftoff. Photograph: KCNA/EPA

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး