Off the record အော့ဖ်ဿရက်ကော့

ရေဒီယိုတခုနဲ့ အသံသွင်းယူတာမလုပ်ပဲ စကားပြောကြတယ်။ ဆရာကော မြန်မာပြည် ဘယ်တော့ပြန်မလည်း စသဖြင့်။ အခုအစိုးရသစ်ကနေ ပြည်ပရောက်သူတွေကို ဘယ်လို သဘောထားမလည်း။ ဆရာ့အနေနဲ့ အစိုးရသစ်ကနေ နိုင်ငံရေးကြောင့် ပြည်ပထွက်ပြီး အနှစ်နှစ်အလလကြိုးပမ်းခဲ့ကြသူတွေကို ဝမ်းသာအယ်လဲ ဖိတ်ခေါ်မယ်လို့ ထင်ပါသလားတဲ့။

အေးဗျာ့ ဦးသိန်းစိန်ကတော့ နာမည်မည်းစာရင်းကနေ လူ ၂ဝဝဝ ကျော်ဖျက်ပေးတာနဲ့ သမတမိန့်ခွန်းထဲမှာ ပြန်လာကြပါလို့ နှစ်ခါပြောခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ကျွန်တော်သုံးသပ်မိတာပြောရရင် ဒေါ်စုက ပြည်ပနိုင်ငံရေး ကြိုးပမ်းမှုအပေါ် (အင်းပရက်စ်) မဖြစ်ပါ။ သမတမိန့်ခွန်းမှာလည်း (မိုင်းဂရင့် ဝပ်ကား) တွေကိုသာ ရည်ညွှန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပဲလို့ ဝန်ခံရမှာပါ။ မမျှော်လင့်ပါ။

ဆရာတို့တတွေ မြင်သာထင်သာတဲ့ အပြောင်းအလဲကိုဖေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့ မပြောနိုင်ပေမယ့် တိုင်းပြည်နဲ့ မိသားစုတွေကို ထားရစ်ခဲ့ကြပြီး နိုင်ငံရေးကို ဇောက်ချလုပ်ခဲ့ကြာတဲ့ နှစ် (၂ဝ) ကျော်ဆိုတာ ပျော်လို့ မဟုတ်တာကို လူတိုင်းက သိမယ်ထင်ပါတယ်ဆရာ။

အေးပေါ့ဗျာ့ ကျွန်တော်တို့ထဲမှာလည်း လူကအမျိုးမျိုးရှိတယ်။ ခြုံငုံသုံးသပ်သူတွေက အတူတူနဲ့အနူနူပဲလို့မြင်ကြတာ လူ့ထုံးစံပါ။ ဘယ်အရာမဆို အနုတ်သဘောအမြင်ကသာ ထင်ပေါ်တယ်။ အခုအစိုးရမှာ ကျွန်တော်တို့တတွေထက် အရေးကြီးတာတွေက များလှတယ်။ ကိုယ့်မဲဆန္ဒရှင်တွေရဲ့ နားလည်ခွင့်လွှတ်မှုလောက်ရရင် ကျေနပ်ပါတယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး