Physician’s Delight သမီးဦးလေး

Nandar Nandar ၄-၄-၂ဝ၁၆ နေ့က သမီးဦးလေးကို အောင်မြင်ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်ဆရာ။ ဆရာ့ကျေးဇူးတွေကြောင့်လည်း ကျန်းမာတဲ့သမီးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်ရှင်။ ၇ ပေါင်နဲ့ ၈ အောင်စရှိပါတယ်ရှင့်။ နောက်လည်း ကလေးအတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေ မေးမြန်ပါရစေရှင့်။ ဆက်လက်လမ်းညွှန်ပေးဖို့လည်း မျှော်လင့်ပါတယ်ရှင့်။ ဆရာနှင့်တကွမိသားစုလည်း ကျန်းမာရွှင်လန်းပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

မနက်အိပ်ယာထကတည်းက မေးခွန်းတွေနဲ့ နပမ်းလုံးနေရတယ်။ စာအသစ်တွေလည်းရေးရတယ်။ စာရိုက်နဲ့ သတ်ပုံအမှားတွေ လိုက်ပြင်တာလည်းလုပ်ရတယ်။ နေ့တဝက်ကျိုးပြီ။ ရေဒီယိုတောင်မှ နားမထောင်အားသေးပါ။

ဒီကွန်မင့်ရတော့ မောတာတွေ ပျောက်သွားပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး