Stunning movies ပျင်းစရာမကောင်းတဲ့ ရုပ်ရှင်
အစိုးရသစ်လက်ထက် လူတွေအသစ်ခန့်တာမှာ လူသစ်တွေပါတော့ ပြူးကြည့်ကြတယ်။ လူဟောင်းတွေပါတော့ မျက်မှောင်ကုပ်ကြည့်ကြတယ်။ ပြောစရာဖြစ်တာကို ပြောကြတယ်။ အစိုးရသစ်လက်ထက် လူတွေအသစ်ခန့်တာမှာ လူသစ်တွေပါတော့ ပြူးကြည့်ကြတယ်။ လူဟောင်းတွေပါတော့ မျက်မှောင်ကုပ်ကြည့်ကြတယ်။ ပြောစရာဖြစ်တာကို ပြောကြတယ်။ ကိုယ့်အမြင်ကိုယ်ပြောတာ ပြောသင့်တယ်။ ပြောခွင့်ရလာတာကလည်း မကြာလှသေးဘူး။
ကျွန်တော်လည်း အကုန်မသိဘူး။ မသိတာကို အဆိုး-အကောင်းမပြောအပ်ပါ။ အကြောင်းမရှိပဲတော့ လုပ်မှာမဟုတ်ပါ။ ကိုယ်ကနေ အဖြူလို့ထင်ထားတဲ့လူတွေနဲ့ အမည်းလို့သတ်မှတ်ထားသူတွေတွေ ထွေးရောယှက်တင်ရှိတိုင်း အဲလို ပြောကြတာ ၃-၄ နှစ်လောက်ရှိပါပြီ။ တချို့အဖြစ်အပျက်တွေကို လူကြီးတွေပဲ ခိုင်မာတဲ့အကြောင်းရှိလို့သာ အဲလို မျက်လုံးပြူးစရာတွေ လုပ်ကြတာလို့ ရေးခဲ့ဘူးပါတယ်။
လတ်တလောနိုင်ငံရေးကို ကြည့်ကြရတာ ဖြစ်ပျက်တာတွေက မြန်နေလို့ မြန်နှုန်းမြှင့်ပြတဲ့ ရုပ်ရှင်ကွက်တခုကို ကြည့်ရသလိုပဲ။ တချို့က သဲသဲကွဲကွဲမသိနိုင်ကြဘူး။ ရုပ်ရှင်ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့က အဲလိုပြတာဟာ အနုပညာရသတမျိုးပေးချင်လို့ဖြစ်မယ်။ ကိုယ်ကလည်း ဒီဇာတ်ကားကို ပိုက်ဆံပေးကြည့်ကြတာကိုး။
ဟင်ကနည်း ဟာကနည်းဇာတ်ကားမျိုးက ပျင်းစရာတော့မကောင်းပါ။ အဲ့ ဇာတ်သိမ်းခန်းက အဝေးကြီးလိုပါသေးတယ်။
ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၆

Comments
Post a Comment