ရယ် နှင့် ရီ
၁။ ရီစရာ နဲ့ ရယ်စရာ ရီ နဲ့ ရယ် မှာ ဘာကအမှန်လဲခင်ဗျ။ မရှင်းလို့။
၂။ အပေါ်က ရီနဲ့ ရယ်ကိုလည်း ရှင်းပြပေးပါ။
၃။ ဆရာခင်ဗျ ရယ်စရာ နဲ့ ရီစရာ ဘယ်ဟာအမှန်ဆိုတာကို အများသိအောင် ပို့စ်တခုလောက် တင်ပေးဖို့ တောင်းဆိုပါရစေ။
ရယ်
ရယ်မောသည်
ရယ်မြူးသည်
ရယ်ရွှင်သည်
ရယ်သွမ်းသွေးသည်
ရယ်ရွှမ်း ဖပ်ရွှမ်းပြောသည်
ရယ်စရာ
ပြုံးရယ်သည်
ရယ်လျှင် ပေါ့သည်
ဒရယ်တိရစ္ဆာန်
ရီ
ရီတီတီ
ရီပြာပြာ
ရီမှုန်ရီမှိုင်း
စာမရီသားကောင်
အထက်ကာရီ
မူးဝေရီ
နေဝင်ရီတရော
ကသီကရီ
သိရီ
တနင်္သာရီ
ဒေသစာရီ
ဓမ္မစာရီ
အိတ်ဆောင်နာရီ
တိုင်ကပ်နာရီ
လက်ပတ်နာရီ
ရီမှောင်ဝေ
မာဂရီနတ်
ကုမာရီ
သောရီ = စနေ
မာရီ = အင်တွဲ
သတ်ပုံအလိုအရ ရယ်မောကသာ မှန်တယ်။ စကားပြောရာမှာ ရီလို့ ခပ်လွယ်လွယ် အသံထွက်ရာနေ စကားပြောစာရေးနည်းထဲမှာ တဖြည်းဖြည်း ရီစရာလို့ ဖြစ်ဖြစ်လာတယ်။ စံကိုက်သတ်ပုံလို့တော့ ပြောမရပါ။ ကျွန်တော်လည်း ခပ်ပေါ့ပေါ့ရေးမိတယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၈-၃-၂ဝ၁၈

Comments
Post a Comment