For Sale Medicine ရောင်းကုန်

12/20/2017 7:10AM အချိန်ကမေးပါတယ်။
ဆရာမင်္ဂလာပါရှင့် ပုံထဲမှာပါတာ ပထမပုံက ချီယာစေ့ ဒုတိယပုံက နှမ်းကြတ်စေ့ လို့သိရပါတယ် ချီယာစေ့က အစားစားချင်စိတ်လျှော့ပေးတယ် နှမ်းကြတ်စေ့က အဆီချပေးတယ်လို့လည်းသိရပါတယ် Online မှာရောင်းနေတဲ့ အဆီကျဆေးပုံစံဖြစ်နေတာမို့  သောက်သင့်မသောက်သင့် သိပါရစေရှင်

12/20/2017 10:05AM အချိန်မှာ ဖြေလိုက်တယ်။
လူအများစားစရာမှန်သမျှ ကောင်းတယ်။ တခုချင်း အာဟာရ မတူကြပါ။ အဆီကျဆေး အလေးချိန်ချနည်း အဲလိုဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘလော့မှာဖတ်နိုင်။

ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်ရှင့် 🙏

ကနေ့ ၁၄-၃-၂ဝ၁၈ ရက်နေ့ 10:41PM အချိန်မှာ အရင်မေးတဲ့သူကပဲ ထပ်မေးတယ်။ ခု ခေတ်စားနေတဲ့ Water kefir ဆိုတာ သောက်သုံးသင့်မသင့် သိချင်လို့ပါ ဆရာ

အရင်ကလည်း မေးတဲ့သူတွေ မနည်းလှပါ။ မင်္ဂလာပါဆရာရှင့် ဆရာမျှဝေရေးသားခဲ့သောစာများ Post များထဲမှာ Probiotic drink အကြောင်းနဲ့ Kefir (Water Kefir & Milk Kefir Grains) တို့အကြောင်း ရေးသားထားပြီးသားများ ရှိ/မရှိလေး သိပါရစေရှင့် ကျေးဇူးတင်ပါတယ်ရှင့်

အဲလိုကြော်ငြာဆေးတွေအကြောင်း ဘလော့မှာရှိ။ ကိုယ်တိုင်သာရှာပါရန်။ ကြော်ငြာဆေးတွေအတွက် အချိန်သိပ်မပေးချင်ပါ။ ဆောရီး။

Probiotics ပရိုဘိုင်အောတစ် https://doctortintswe.blogspot.com/2015/07/probiotics.html

ကြော်ငြာဆေးကို ပိုမေးကြတယ်။ မေးခွန်းပေါင်းများစွာကိုဖတ်ပြီး အခုခေတ်စားနေတဲ့ဆိုတဲ့အသုံးသဘောကို နားလည်လာတယ်။ ကြော်ငြာကောင်းခြင်းနဲ့ ဆရာဝန်မဟုတ်သူတွေက ပြောပြခြင်း။

အော် ဟုတ်ကဲ့ပါ ဆရာ သမီးတွေ့ထားတာကတော့ ဆရာဝန်တွေပါ။ member ၀င်ပြီး ဆွေးနွေးပေးနေတဲ့ အဲ့ဒီ page လေး မနေ့ကမှ စတွေ့မိလို့ပါ။ အဲ့ဒါ သူတို့ Discussion တွေ စိတ်ဝင်စားပေမယ့် နားမလည်လို့ ဆရာ့ကို သတိရပြီး တကယ်ဟုတ်မဟုတ် မေးကြည့်ဦးမယ်ဆိုပြီးပါ ကျေးဇူးပါဆရာ။

အဲလို ဖြည့်စွက်စာတွေ အားဆေးဆိုတာတွေက နိုင်ငံတိုင်းမှာ ကြော်ငြာပြီးရောင်းကြတယ်။ ဝဘ်ဆိုက်တွေရှိတယ်၊ လူမှုရေးကွန်ရက်တွေရှိတယ်။ ဒီဇိုင်းကောင်းကောင်း၊ မော်ဒယ်ချောချောတွေနဲ့၊ ထောက်ခံအားပေးတဲ့စာတွေကလည်း ပလူပျံလို့။

အဲဒီမေးခွန်းဖြေစဉ်က Water Kefir & Milk Kefir Grains (Probiotics Drink) For Myanmar 12,388 members လို့ တွေ့တယ် အခုဆို ၂ ဆလောက်ဖြစ်နေသလား မသိပါ။

အားဆေးလိုဟာတွေက ကျဉ်းဆေး ကြီးဆေးတွေလိုတော့ မဆိုးလောက်ပါ။ အဲလို ရောင်းကုန်တွေအကြောင်း ရေးရတာ အားနာစရာတွေရှိလို့ သိပ်မရေးချင်ပါ။ အားဆေးမှန်သမျှ အမေရိကန်က ထုတ်ထုတ် လတ်ဆတ်သန့်ရှင်းတဲ့ လူတိုင်း နေ့တိုင်း မနက်ည စားသောက်တာတွေထက် ကောင်းတာရယ်လို့ မရှိပါ။

မေးတဲ့သူရှိလို့ အဲလိုဝဘ်ဆိုင်တွေရှာရင် စပမ်တွေ၊ ဗိုင်းရပ်စ်တွေကြောင့် ကွန်ပြူတာပါ ဒုက္ခရောက်တယ်။

Where To Buy Kefir Grains http://thehealthyeatingsite.com/where-to-buy-kefir-grains/
Archive for the ‘Water Kefir’ Category https://wholefoodswholefamily.wordpress.com/category/probiotic-foods/water-kefir/

အခုလိုရေးလို့ ဂရုဆိုတာတွေထဲမှာ ဝေဘန်ဆဲရေးကြတယ်လို့ ပြန်ပြောလို့ နည်းနည်းတော့ သိရတယ်။ မတတ်နိုင်ပါ။ ကျွန်တော့်မှာ ကြည့်စရာမျက်နှာက ပိုက်ဆံမဟုတ်ပါ။ အဲလိုဟာတွေ တမျိုးပြီးတမျိုးလာမယ်။ နေ့မြင် ညပျောက်တွေလည်း ရှိတယ်။ တချို့က ပေါ်ပင်သိပ်လိုက်ချင်ကြလို့ ရောင်းကောင်းတယ်။ ကျွန်တော်ဘယ်လိုရေးရေး ရောင်းကောင်းမှာပါ။

Dr. တင့်ဆွေ
၁၉-၁-၂ဝ၁၈
၁၄-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ