Banyan Dish ညောင်ရွက်စားနည်း

ညောင်ရွက်က ဘယ်လိုစားတာလည်းဗျ။ ငါးပိရည်နဲ့ တို့စားတာလား။

ကျွန်တော်က နည်းနည်းလေးသာသိတယ်။

ညောင်ရွက်အနုနဲ့ အဖူးလေးတွေကို ရေနွေးဖြောပြီး ငပိရည်၊ ငန်ပြာရည် အငန်တမျိုးမျိုးနဲ့ တို့စားနိုင်တယ်။

သုပ်စားနည်းလည်းရှိတယ်။ ရေနွေးဖြောပြီးသား ညောင်ရွက်အနုနဲ့ အဖူးလေးတွေကို ပဲမှုန့်၊ မြေပဲဆံထောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက် ထည့်တယ်။ ငန်ပြာရည်တွေ ဟင်းချိုမှုန့်တွေပါရင် ညောင်ရွက်အရသာ ပျောက်မယ်။

ညောင်ပင်က အမျိုးမျိုးရှိတာ။ အရွက်အနီရောင်ပါတာက ပိုကောင်းတယ်။ ညောင်ရွက်မှာ ဖန်၊ သက်၊ ဆိမ့်တဲ့အရသာ ရှိတယ်။ ညောင်ချဉ်ရွက်က အကောင်းဆုံးလို့ ကြားဖူးတယ်။ ချဉ်တဲ့အရသာလေးပါတယ်။ ချက်မစားဖူးပါ။

ကျွန်တော်သိတာက နည်းနည်းလေး။ အဲတာနဲ့ လိုက်ရှာတော့ ပို့စ်တခုတွေ့ပါတယ်။ ဒီတခါတော့ တနေ့က ဈေးထဲသွားတာ ရှားရှားပါးပါး တွေ့တာနဲ့ ညောင်ချဉ်ကို ရှမ်းတို့ရိုးရာ ချဉ်ရည်ချက်စားမယ် စိတ်ကူးပါတယ်။ ပြောရအုံးမယ် ဇာတ်လမ်းပ ညောင်ချဉ်မှတ်လို့ ဝယ်လိုက်တာ အရွက်က သပြေချဉ်ဖြစ်နေတယ့့် လို့ဖတ်ရတယ်။ ပို့စ်ရေးသူက ပဲပုပ် + နံရိုး + ညောင်ချဉ်ရွက်ကို ကြက်သွန်ဖြူနီ + ခရမ်းချဉ်သီးတို့နဲ့ ရောချက်တယ်။ ရှမ်းစတိုင်လ် အရည်သောက်တဲ့။

ရှမ်းလူမျိုးတဦးကနေ စားစရာအကြောင်း သွားရည်ကျအောင်ရေးထာတာမှာ မြန်မာစာသတ်ပုံကပါ မှန်သေးတယ်။ ဒီတစ်ခါတော့၊ တစ်နေ့ကတွေ မဟုတ်။ သတ်ပုံမှားရင် တိုင်းရင်သားလားပြောကြသူတွေ သိကြစေချင်တယ်။

http://chenaddy.blogspot.com/2012/03/blog-post_12.html

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး