Banyan Leaves ညောင်ရွက်နု

သူငယ်ချင်း စစ်ကိုင်းသူက တင်ထားတဲ ညောင်ရွက်နုပုံတွေ့တယ်။ စောစောကလည်း ညောင်ကန်ကတူတယောက်က သနပ်ရွက်ပုံ တင်ထားတယ်။

ဒေလီမှာနေရတုန်းက ကန်စွန်းရွက်၊ ဗူးရွက်၊ ဖယုံရွက်၊ ဘောက်ရွက်တွေကို စိုက်ပြီးလာရောင်းကြတယ်။ တမာရွက်၊ ညောင်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီးစိမ်း၊ ပြည်ပန်းညို၊ ဥသျှစ်ရွက်၊ သနပ်ရွက်တွေလည်း ရှာခူးတတ်ရင်ရတယ်။

မျှစ်၊ ကညွတ်၊ ကနဖေါ့ရွက်ကို နယ်စပ်က လူကြုံလာရင်ရတယ်။ ခွေးတောက်ရွက်၊ ဆူးပုပ်လေးရွက်၊ ဇရစ်ဖူး၊ ရှားဆံ၊ ဟင်းငုတ်ပွင့် ခေါ် သခွပ်ပွင့်၊ ထနှောင်းရွက်တွေကတော့ မရပါ။

စစ်ကိုင်းမှာနေရစဉ်က လူနာတွေကလာပေးကြတာ နွားနို့၊ ကျောက်ပြင်၊ သနပ်ခါးတုံးတွေရတယ်တဲ့။ ဈေးထဲမှာ လတ်လတ်ဆတ်ဆတ်ငါးတွေ၊ အရွက်နုမျိုးစုံကိုလည်း သတိရတယ်လို့ ဆရာဝန့်ဇနီးကပြောနေတယ်။

ဒေလီမှာ ညောင်ပင်တွေပေါတယ်။ ဒီအချိန်ဆိုရင် ညောင်ရွက်တွေနုနေပြီ။ ဘယ်အပင်အရွက်က ပိုစားကောင်းတယ်လို့ပါ သိတယ်။ နေအိမ်အဝင်မှာ ညောင်ပင်ပေါက်တပင်ရှိတယ်။ နုတဲ့အရွက် ၄-၅ ရွက်တွေ့ရင်ခူးတယ်။ တနပ်စာတော့ ရတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး