ညောင်ပင်တစ္ဆေ


ကျွန်တော်တို့ကလေးဘဝ ကစားနည်းတခုပါ။

ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ ညောင်ကိုင်းမှာနေ
နင်ဘာရေသောက် ညောင်ရေသောက်
နင်ဘာသီးစား ညောင်သီးစား

ညောင်ပင်ကို ဘာသာရေးနဲ့တွဲထားလေ့ရှိတယ်။ နေအိမ်ဝင်းထဲမစိုက်ရလို့ ပြောကြတယ်။ အိနိယမှာ ကိုးကွယ်ရာလို့ အယူရှိတယ်။ သူတို့လည်း ညောင်ပင်မှာ တစ္ဆေနေတယ်လို့ ပြောလေ့ရှိတယ်။ သူတို့ဆီကနေ ကူးစက်လာတာထင်တယ်။

ငှက်တွေက ညောင်သီးစားပြီး လေထဲမှာ ပျံသန်းရင်း အညစ်အကြေးစွန့်ရာကနေ အောက်ကိုကျတယ်။ ဘုရားစေတီတွေ တိုက်တာအဆောက်အဦတွေမှာ ညောင်ပင်ပေါက်ရင် အုတ်တွေကွဲအက် ပျက်စီးစေတယ်။ အပင်တွေ မျိုးပွါးနည်းတခုလို့ သိပံမှာသင်တယ်။

ညောင်ပင် အမျိုးမျိုးရှိတယ်။ ဗောဓိညောင်ကို ဖိုင်းကပ်ရီလီဂျီအိုဆာလို့ခေါ်တယ်။ မြန်မာပြည်မှာ မျိုးစိတ်ပေါင်း ၄၅ မျိုး ရှိတယ်လို့ စွယ်စုံကျမ်းမှာ ဖတ်ရတယ်။

တောအုပ်တွေနဲ့ သစ်တောတွေထဲမှာ ညောင်ပင်ပေါက်လေ့မရှိပါ။ ညောင်သီးကို ငှက်တွေနဲ့ မျောက်တွေက ကြိုက်တယ်။ ညောင်စေးကို ငှက်ထောင်ဖမ်းရာမှာသုံးတယ်။

ကြီးလာတော့ ညောင်သီးလည်းစား လေးသံလည်းနားစွင့်လို့ သိလာတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၈


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး