Condensed Milk နို့ဆီ

ဆရာ မင်္ဂလာပါ ဒီနေ့ခေတ် မြန်မာမှာ ထုတ်နေတဲ့ နို့ဆီတွေက ဘေးကင်းရဲ့လား များများသောက်မိရင် ဘာဖြစ်နိုင်လဲ ကျေးဇူးတင်ပါတယ်

မသိပါ။ နို့နဲ့ နို့ထွက်အစားအသောက်တွေကို သတ်မှတ်အပူချိန်ပေးလိုက်ရင် ပိုးကင်းပါတယ်။ ချက်လုပ်ပြီးနောက် ထားသိုတာ၊ သိုလှောင်တာ၊ ထည့်သုံးတာ၊ အချိန်ကာလနဲ့ ယင်ကောင်နားတာတွေကိုပါ ထည့်စဉ်းစားရပါတယ်။

1. Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
2. Formula Milk and Breast Milk မိခင်နို့နဲ့ နို့မှုန့် https://doctortintswe.blogspot.com/2018/02/formula-milk-and-breast-milk.html
3. Lactose free milk လက်တို့စ်ဖရီး နို့မှုန့် https://doctortintswe.blogspot.com/2017/08/lactose-free-milk.html
4. Milk types နွားနို့အမျိုးအစားများ http://doctortintswe.blogspot.com/2014/10/milk-types.html
5. Milk types နွားနို့အမျိုးအစားများ https://doctortintswe.blogspot.com/2014/10/milk-types.html
6. Soy milk ပဲနို့ http://doctortintswe.blogspot.com/2016/09/soy-milk.html

ကျွန်တော်တို့ငယ်စဉ်ကတည်းက မြန်မာပြည်မှာ နို့ဆီဗူးတွေကိုသာသုံးကြတယ်။ တံဆိပ်မှာ အမျိုးသမီးတယောက် ခြင်းတခုဆွဲလာနေတဲ့ပုံ။ ကုလားမခြင်းဆွဲနို့ဆီလို့ခေါ်ကြတယ်။ နိုင်ငံခြားသားဆိုရင် ကုလားလို့သာ ခေါ်လေ့ရှိတယ်။ အမှန်က ဟော်လန် ခေါ် နယ်သာလင်ကနေသွင်းတာ။

မဆလ ခေတ်ရောက်တော့ သွင်းကုန်တွေကို ကန့်သတ်ပိတ်ပင်လိုက်လို့ ချက်နို့ဆီတွေ ပေါ်လာတယ်။ ငါန်းဇွန်မြို့နယ် မြို့သာမှာ တာဝန်ကျလို့ ချက်နို့ဆီလုပ်ငန်းကို ကောင်းကောင်းသိတယ်။

မြိုမငြိမ်းသီချင်းတပုဒ်မှာ မလိုင်အပြည့်နို့ဆီလို့ ထည့်စပ်ထားတယ်။

အဲဒီ Milkmaid အမှတ်တံဆိပ်ကို ၁၈၉ဝ ကျော် ကတည်းက ထုတ်နေတာ အခုထိ ကောင်းတယ်။ တချို့လူတွေက မနေ့တနေ့ကပေါ်လာတဲ့ ရောင်းကုန်မျိုးကိုသာ အဟုတ်ထင်ကြတယ်။ နာမည်ကြီးနေတဲ့ဆိုပြီး လာလာမေးကြတယ်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး