H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး

H1N1 influenza တုပ်ကွေးကို Swine flu လို့လည်းခေါ်တယ်။ ဝက်တွေမှာ အများဆုံးတွေ့ရလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်သားစားလို့တော့ အဲဒီရောဂါ မရစေပါ။ အခုနောက်ပိုင်း လူကနေလူကိုကူးတယ်။ Swine flu လို့ မခေါ်ချင်ကြတော့ပါ။

လူတယောက်ဆီကနေတယောက် ပါးစပ်ကနေလာတဲ့ အမှုံအမွှားလေးတွေကနေတဆင့် ကူးစက်တယ်။ ချောင်းဆိုး နှာချေရာကနေထွက်လာတယ်။ လေထဲရောက်မယ်။ မျက်နှာပြင်တွေနဲ့ အသုံးအဆောင်တွေပေါ်ရောက်တယ်။ နောက်တယောက်က ရှူမိရင် ကူးစက်နိုင်တယ်။ ပိုးရှိသူကိုယ်မှာလည်းရှိနေနိုင်တယ်။ သူ့လက်နဲ့ထိကိုင်တာတွေမှာ ပိုးရောက်စေနိုင်တယ်။

H1N1 influenza virus vaccine ကာကွယ်ဆေးကို ၂ဝဝ၉ မှာ ကမ္ဘာမှာကပ်ရောဂါဖြစ်စဉ်ကစသုံးနေတယ်။ ထိုးဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကိုသေအောင်လုပ်ထားတာ။ LAIV (Nasal spray vaccine) နှာခေါင်းထဲဖြန်းရတဲ့ ကာကွယ်ဆေး ပေါ်လာတယ်။ ဗိုင်းရပ်စ်အရှင်သုံးတယ်။ ဒီကာကွယ်ဆေးက Bird flu ကြက်ငှက်တုပ်ကွေးကို မကာကွယ်ပါ။

ကာကွယ်ဆေး ဘေးထွက်သက်ရောက်မှု နည်းနည်းသာရှိတယ်။ တုပ်ကွေးမိသလိုခံစားရနိုင်တယ်။ ကိုယ်နည်းနည်းပူ၊ လည်ချောင်းနာ၊ နှာစေး၊ အစားပျက်၊ ကြွက်သားတွေနာ။ တုပ်ကွေးရာသီမှာ တုပ်ကွေးမိသလိုခံစားရတိုင်း ဒီရောဂါလို့ မပြောနိုင်ပါ။ ကြက်ဥနဲ့မတည့်သူတွေ ဒီကာကွယ်ဆေးမတည့်ပါ။ Guillain-Barré syndrome ခေါ်အာရုံကြောရောဂါရှိသူ မတည့်ပါ။

ကြက်ဥနဲ့မတည့်သူ မသုံးရ။ arginine နဲ့ gelatin နဲ့မတည့်သူ မသုံးရ။ အက်စပရင်ဆေးသောက်မထားရ။ ခုခံအား နည်းနေသူနဲ့ ပန်းနာရှိသူ ကာကွယ်ဆေးမသုံးမီ ဆရာဝန်ပြောပြပါ။ တုပ်ကွေးဆေးတွေဖြစ်တဲ့ oseltamivir (Tamiflu) နဲ့ zanamivir (Relenza) ဆေးတွေကို ၄၈ နာရီအတွင်း သောက်မထားရ။ အအေးမိတာနဲ့ နည်းနည်းဖျားနေသူတွေလည်း ကာကွယ်ဆေးသုံးနိုင်တယ်။

ကိုယ်ဝန်ဆောင်တွေကို မပေးသင့်။ ကိုယ်ဝန်မှာ တုပ်ကွေးကူးစက်ခံရရင် အထဲကကလေးကို ထိခိုက်စေနိုင်။ အဲတာကြောင့် ကိုယ်ဝန်ဆောင်ကို ကာကွယ်ဆေး ပေး မပေး ဆရာဝန်က ဆုံးဖြတ်မယ်။ ကလေးနို့တိုက်ချိန် ကာကွယ်ဆေးသုံး မသုံး အတိအကျ မပြောနိုင်။

ဘေးထွက်သက်ရောက်မှုများ
တုပ်ကွေးမိသလို ခံစားရ။ မဆိုးပါ။ နည်းနည်းကိုယ်ပူ။ နှာစေသလိုဖြစ်။ ဗိုက်နည်းနည်းနာ။ အစားပျက်။ ခေါင်းကိုက်။ ကြွက်သားတွေနာ။

H1N1 Influenza virus vaccine live Dosage နှာခေါင်းကပေးတဲ့ကာကွယ်ဆေး
အသက် ၁၀ နှစ်အောက် ၂ ကြိမ်။ တလခြား။ ၁၀ နှစ်အထက် တကြိမ်တည်းသာ။

ထိုးဆေး
၁၀ နှစ်အထက် 0.5 mL အသားဆေး တကြိမ်တည်းသာ။
ကလေး ၆ လကနေ ၃၅ လ (၃ နှစ်အောက်) 0.25 mL အသားဆေး ၂ ကြိမ်။ တလခြား။
ကလေး ၃၆ လ (၃ နှစ်) ကနေ ၉ နှစ် 0.5 mL အသားဆေး ၂ ကြိမ် ၄ ပတ်ခြား။

ကာကွယ်သုံး-ထိုးပြီး ကိုယ်ပူရင် acetaminophen ပါရာစီတမော သို့မဟုတ် ibuprofen သောက်နိုင်။ ဆေးထိုးချိန် တူနေရင် Pneumococcal polysaccharide vaccine နူမိုကော်ကယ်ကာကွယ်ဆေးကိုလည်း တပြိုင်တည်းထိုးနိုင်တယ်။ နှာခေါင်းထဲဖြန်းဆေးလည်း အတူတူဖြစ်တယ်။

H1N1 တုပ်ကွေး ကာကွယ်ရေး
၁။ နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။ လူတွေနဲ့ထိတွေ့တာ နည်းပါစေ။ ရောဂါလိုက်ရှာသလိုမဖြစ်အောင် ရောဂါမရသေးသူတွေက လူစုလူဝေးရှောင်ပါ။

၂။ လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။ ရေနဲ့ဝေးရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာ ဆေးရည်သုံးပါ။ လက်ကိုမကြာခဏဆေးပါ။ အထူးသဖြင့် ချောင်းဆိုး နှာချေပြီးတိုင်းဆေးပါ။

၃။ ချောင်းဆိုးတိုင်း၊ နှာချေတိုင်းမှာ နှာခေါင်းကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။

၎။ ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။

၅။ ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေ ကပ်နေနိုင်တယ်။ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ထိကိုင်တာ သတိထားပါ။ လက်မှာ ပိုးတွေပါနေနိုင်တယ်။

၆။ Flu vaccination ကာကွယ်ဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။ နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။ ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။

၇။ ကျောင်း-ရုံး ပိတ်သင့် မသင့် ကျန်းမာရေးဌာနက ဆုံးဖြတ်တာလိုက်နာပါ။

၈။ လိုတာထက် ပိုမစိုးရိမ်ပါနဲ့။ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောတာမဟုတ်ရင် မယုံပါနဲ့။ သတင်းအမှားတွေ မျှဝေတာ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်စားဆေးတွေနဲ့ ကာကွယ်လို့မရပါ။ ရောဂါ ၃ မျိုးကာကွယ်ဆေး မဟုတ်ပါ။ Monovalent တမျိုးတည်းကာကွယ်ဆေးလို့ခေါ်တယ်။ ကာကွယ်ဆေး၊ ထိုးဆေး၊ စားဆေးကြော်ငြာတွေ သတိထားပါ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး