တပယ်ခင်ဥ တပယ်ခင်သစ်

လူထုဒေါ်အမာ ရေးတဲ့ မြန်မာ့မဟာဂီတစာအုပ်ထဲကဖြစ်ပါတယ်။ မဖတ်ဖူးသေးပါ။

တပယ်မင်းသားဆိုတာလည်း ရှိတယ်။ မင်းတုန်းမင်းလက်ထက်မှာ။ သူက မင်းသားအစစ် မဟုတ်။ သူ့မိခင် မုံရွာ့တောင် ချောင်းဦးနားက အလ္လကပ္ပမြို့စားက မင်းတုန်းမင်းရဲ့ မိထွေး။ မင်းတုန်းမင်းက မိထွေးတော်ကို အရေးတယူလုပ်ပြီး သူ့သားကိုပါ ချီးမြှောက်ရာကနေ မင်းသားလို့တွင်တာ မင်းသွေးမပါ။

တပယ်မင်းသားက သူကိုယ်တိုင် သီချင်းကဗျာ မရေးတတ်လို့ စလေဦးပုညကို အခေါ်ခိုင်းတော့ ဦးပုညကမအား။ နောက်တနေ့လည်း အခေါ်ခိုင်းပြန်တယ်။ ဦးပုညက စိတ်မရှည်တော့ဘဲ မင်းသားအစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူးလို့ မချေမငံ ပြန်ပြောခဲ့ပါသတဲ့။ ရုပ်သေးမင်းသားရုပ်ကို ယမနေသားနဲ့ ထုလုပ်ကြတယ်။ တပယ်မင်းသာဟာ အမျက်ထားပြီး ဦးသာအိုးကတဆင့် ကွပ်မျက်စေခဲ့တယ်လို့ ဖတ်ရတယ်။ အဖြစ်မှန်ဟုတ် မဟုတ် မသိပါ။

နောက်ဆရာ့ဆရာတွေက တစ်ပယ်ခင်ဥ၊ တစ်ပယ်ခင်သစ်၊ တစ်ပယ်မင်းသားလို့ ရေးကြသလားလည်း မသိပါ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး