Bye Rangoon











ရန်ကုန် နှုတ်ဆက် ဆည်းဆာ

စာတိုက်ကနေ စာ ပါဆယ်လည်း မပို့ဘူး။ ကိုယ့်ဆီကိုသာ ပို့ကြလို့ ရန်ကုန်ကို အင်္ဂလိပ်လို မရေးဖြစ်ပါ။ ၂၈ နှစ်အတွင်းမှာ ခေါင်းစဉ်လိုသာရေးခဲ့တယ်။

ရန်ကုန်မြို့ကြီး နေကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

ဘိုလိုပြောရင် ၂ ပဲနိ

ဂဏန်းအရေအတွက်တော့ ညောင်စေ့လေးလောက်သာ။

ညောင်ပင်ကြီးလောက် လှူနိုင်သူတယောက် ဖြစ်ရပါလို၏။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

စတစ်အင်္ကျီ

စတစ်အင်္ကျီကို ပြည်ပထွက်ကတည်းက ပဌမဆုံးပြန်ဝတ်မိတာလို့ ထင်တယ်။ ဒေလီမှာ မှတ်မိသလောက် အဲလိုမဝတ်ဖြစ်ခဲ့။ ပုဆိုးနဲ့ တိုက်ပုံတော့ ဝတ်တယ်။ ဘိုလိုဝတ်ရစားရတာများတယ်။

အလည်ပြန် ၂ လနီးပါးကြာတဲ့ ခရီးစဉ်တလျှောက်မှာလည်း မဝတ်ခဲ့ပါ။ အဝတ်အစားနဲ့ နိုင်ငံရေးသမားမလုပ်တာ ကြာပြီ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

နှုတ်ဆက် နေ့လယ်စာ

ရန်ကုန်မှာ ထိုင်းဆိုင်မှာ။ နေကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

လူအစစ်တွေ

မနှစ်က ပြည်တော်ကို အလည်ပြန်တာက ဖေ့စ်ဘွတ်ထဲ လမ်းသလားရသလိုပဲ။

ဟိုလမ်းရောက်တွေ့၊ သည်နေရာရောက်တွေ့တယ်။ ဖရင်းတွေကို လူစင်စစ်အတိုင်း တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ကိုလည်း လူအစစ်မှန်းသိသွားကြပြီ။

အဝတ်အထည်ဆိုင်မှာ တွေ့သူက မိတ်ဆက်ပြီး ဓါတ်ပုံရိုက်တယ်။ စားသောက်ဆိုင်မှာလည်း စားပွဲထိုးတယောက်က ဆရာ့ကို တီဗွီမှာ တွေ့ဘူးတယ်တဲ့။ မနေ့က သန့်စင်ခန်းမှာတွေ့ရတာက ၂ ယောက်။ ကန်တော့ပါ။ Smile!

မြို့တိုင်းက လာပြီးနှုတ်ဆက် မိတ်ဆက်ကြသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

ကန်တော့ နှုတ်ဆက်

အညာက နယ်တူသားတွေ ရန်ကုန်ရောက်ကတည်းက ကူညီကြတယ်။ လာရောက် ကန်တော့ နှုတ်ဆက်ကြတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

နှုတ်ဆက်

နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်စဉ်က တဦးတည်းသော သူနာပြုဆရာမ မိသားစုက လာနှုတ်ဆက်ပါတယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

နှုတ်ဆက်ညနေစာ

ရန်ကုန်မှာ။ စားလို့ကောင်းသလို နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉

နေကောင်းပါစေ

ရောက်တည်းက လာကြို။ စားစရာတွေလာပို့။ မပြန်ခင် လိုက်ကျွေးသူက ကန်တော့ နှုတ်ဆက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၈
၁၇-၆-၂၀၁၉


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး