ငြိုငြင် နှင့် မသိကျိုးကျွန်

၁။ မသိငြိုးညင် မသိညိုးငြင် ဆိုတာ ဘယ်လိုရေးပါသလည်းခင်ဗျာ။

ငြိုငြင်ဆင်းရဲ၊ ငြိုငြင်ပင်ပန်း၊ ငြိုငြိုငြင်ငြင်။ မသိကျိုးကျွန်ပြုသည်။

၂။ မင်္ဂလာပါဆရာ မျက်ရည်သွန်လို့ ဘဝင်ညှိုး ညိုး၊ ညိုး ဘယ်ဟာက အမှန်ပါလဲ ဆရာ ဒီနေ့ အာဇာနည်နေ့နဲ့ ပို့စ်တခု တင်မိလို့ပါ ညှိုး ညိုး ညိုး မသဲကွဲလို့ပါဆရာ။ ကျေးဇူးပါဆရာ။

သတ်ပုံမှာ ညှိုးနွမ်းသည်လို့ ရေးတာကြောင့် မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင်တဆယ့်ကိုးက မှန်ပါမယ်။

ညို
ညိုသောအရောင်
ညိုညိုမောင်းမောင်း
ညိုတိုတို
မိုးညိုမြို့
မိုးညိုသည်
ပန်းခွါညို
ညိုစိမ့်စိမ့်
အညိုချော
ညိုချော
ကြည်ညို
ပြည်ပန်းညို
အောင်မဲညို
ညိုသကျည်း (မူလသတ်ပုံ)
ညိုချိပ်ချိပ်
ညိုစိမ့်စိမ့်
ညိုမည်း

ညိုး
ညိုးညံ
ညိုးညိုးညိုးညံညံ
ညိုးညိုးညီးညီး
ညိုးတညိမ်ညိမ့်

ညို့
ညို့ညို့ဆိုင်းဆိုင်း
ညို့သကျည်း (နောက်သတ်ပုံ၊ မမှန်လောက်ဟုယူဆ)

ညှို့
ညှို့ ညှို့မှိုင်းမှိုင်း
မျက်နှာညှို့သည်
မိုးညှို့သည်
စိတ်ညှို့သည်
လေး ညှို့သည်

ညှိုး
ညှိုးကြုံ
ညှိုးချုံး
ညှိုးခြောက်
ညှိုးနွမ်း
ညှိုးမြန်း
ညှိုးရော်
ညှိုးသမ်း

ငြို
ငြိုငြင်ဆင်းရဲ
ငြိုငြင်ပင်ပန်း
ငြိုငြိုငြင်ငြင်

ငြိုး
ငြိုးသည်
ရန်ငြိုးပြုသည်
ရန်ငြိုးထားသည်
လက်ငြိုး (ယခင်သတ်ပုံ)
ငြိုးထားသည်
အငြိုးဖွဲ့သည်
ခြိမ်းခြောက်ငြိုးငြိ

အောင်ဆန်းဇာနည်ကဗျာကို အတော်များများက စာသားရေးတင်ကြတယ်။ ဆိုရှယ်လစ်လူ့ဘောင်က မဆလ ခေတ်မှာ ပြောင်းထည့်ထားတာ။ စစ်အစိုးရခေတ်ကစပြီး တကို တစ်တွေပြောင်းထားတယ်။ ကနေ့လူတွေက အဲတာတွေသာ အမှန်လို့ ထင်နေကြတော့တယ်။ ဝမ်းနည်းဘွယ်ရာ နှစ်ဆကောင်းလေစွ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၈
၂၂-၆-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ