Cracked heels ဖနောင့်ကွဲ ခြေဖဝါးကွဲ

(ကန်တော့)

ဆရာ ခြေထောက်တွေကွဲနေလို့ပါခင်ဗျ ဖြစ်တဲ့သူကအမျိုးသ္မီးပါ အသက်က (64)နှစ် ဖြစ်တာကသုံးလရှိ သွေးချိုဆီချိုရှိ အမြဲသောက်ဆေးက မြန်မာဆေးကဖျံငါးကောင်း တနေ့ငါးလုံးသောက် မက်ဖော်မင် မနက်တလုံး ညလုံးသောက်ပါတယ် ခြေကွဲနာအတွက်လိမ်းဆေးသို့မဟုတ်သောက်ဆေးလေးသိပရစေခင်ဗျ

အများအားဖြင့် ခြောက်သွေးလို့ဖြစ်တယ်။ ရေသောက်နည်းတာ၊ ရာသီဥတုနဲ့ ခြေထောက်ကိုရေးအထိနည်းတာ။ အဝလွန်သူတွေ ပိုဖြစ်တယ်။ မေးတဲ့သူမှာ ဆီးချိုရှိနေလို့ ပိုဖြစ်စေနိုင်တယ်။

ရေပိုသောက်ရမယ်။ ခြေထောက်ကို ရေမကြာခဏဆေးရမယ်။ ရေဆေးပြီး ရြေောခက်အောင်သုတ်ရမယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်လာတတ်တယ်။ တချို့မှာ ပိုးဝင်လာလို့ ပိုးသေဆေးလိုမယ်။ အနေတော်ဖိနပ်မပါပဲ လမ်းမသွားသင့်။

အရပ်ဆေးတွေမှာ ဆေးသုတေသနမရှိ။

Home Made Scrubs to Get Rid of Cracked Heels ဖနောင့်ကွဲခြင်း https://doctortintswe.blogspot.com/2016/03/home-made-scrubs-to-get-rid-of-cracked.html

ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး