Stage Show အကြိုက်နှင့် ဝါသနာ

မတူကြပါ။

ဒီမြို့မှာ စတေ့ရှိုး သီဆိုဖျော်ဖြေနေတယ်။ သွားမကြည့်လည်း လိုက်ဖ် တင်ပေးကြတယ်။ အန်တီအေးက ဖွင့်လို့အသံတွေ ကြားနေရတယ်။ ပင်တိုင်တင်ပေးနေသူ ၄-၅ ယောက်တွေ့တယ်။ ကိုယ့်လူတွေချည်းပဲ။

မနေ့က မိတ်ဆွေရင်းတယောက် မြန်မာပြည်က ဒူးရင်းသီးလွမ်းလို့ ဘယ်တော့ အဝစားရမလဲတဲ့။

တနေ့က ဗီယက်နမ်ဆိုင်မှာ ဒူးရင်းသီးတွေ တွေ့ခဲ့ပါ့။ ဈေးနှုန်းတော့ မဖတ်ရဲဘူး။ အဲတာနဲ့ ပလပ်စတစ်ထုပ်နဲ့ဟာ ဝယ်လာသတဲ့ အန်တီအေး။

အကြိုက်နှင့် ဝါသနာ မတူကြပါ။ အဲလိုမတူတာက သူများကို အနှောင့်အယှက်မပေး။ ပျော်စရာဆို ကူးစက်တယ်။ စားစရာဆို သွားရည်ကျတယ်။

ကျွန်တော့်မှာက ဒုက္ခ။ ဗိုလ်နေဝင်းကို တပြားသားမျှမလျှော့သူတယောက်ကို ဘလော့ လိုက်ရတယ်။
ဆက်ထားရင် ဒူးရင်းသီး အခွံလိုဖြစ်မှာ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ