Tamarind tree ရွာထိပ်က မန်ကျည်းပင်

ဆရာ အရင်ကလို Post တွေသိပ်မတွေ့ရဘူး ဆရာ ပျောက်နေတယ်နော်။ ဆရာ မတွေ့ရတာကြာတော့ နေလို့မှကောင်းရဲ့လားလို့ စိတ်ပူမိတယ်။ ဆရာ့စာတွေ မဖတ်ရတာကြာခဲ့ပြီ။ ဆရာနေကောင်းပါရဲ့လား။ တခါတခါ လာတတ်တဲ့ ကွန်မင့်မျိုး။ စာစီတာသာ မတူ၊ ဆိုလိုတာကတော့ အတူတူ။ ကျွန်တော် ၃၆၅ ရက်မှာ နေ့စဉ် ၈ နာရီ ပျောက်နေပါမယ်။ အိပ်ပျော်နေလို့။ ဆောရီး။

ရွာထိပ်မှာ မန်ကျည်းပင်ကြီးတပင်ရှိတယ်။

မြို့ကိုသွားပြီး အလုပ်လုပ်နေတဲ့ကာလသား တခါတလေမှာ ရွာကို အလည်ပြန်လာတော့ အင်း မန်ကျည်းပင်ကြီး မတွေ့တာကြာပြီတဲ့။

မန်ကျည်းပင်ကြီးက ငါ မရွေ့တာကြာပြီတဲ့။

မြို့သွားကျောင်းနေတဲ့ မတောသူကလည်း နွေရာသီမှာ ရွာကိုအလည်ပြန်လာတယ်။ မန်ကျည်းပင်ကြီး အိုင်မစ်ယူတဲ့။

မန်ကျည်းပင်ကြီးက မိတူးရေ မီတူးတဲ့။

သူတို့တတွေ မြို့ပြန်သွားကြတော့ နှုတ်ဆက်သွားဖေါ်မရကြ။ အပင်အိုကြီးကတော့ ပြောရှာတယ်၊ မန်ကျည်းသီးယူတဲ့။

မန်ကျည်းပင်ကြီးအောက်မှာ ခိုင်းနွားအိုကြီးတကောင် မြက်စားနေလေရဲ့။ မကြာခဏဖတ်နေရတဲ့ ရွာသားတွေတော့ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး