Paracetamol Suppositories ပါရာစီတမောထည့်ဆေး
ဆရာ ၁နှစ် ၇လ ကလေးဖျားနေတာ အပူ ၁၀၃ ကျော်ပါတယ် ဂြိုလ်တု ၂၅၀ အား ထည့်လို့ရပါသလား
ဂြိုလ်တုဆိုတာ ဘာလဲ စဉ်းစားရတယ်။ ဂြိုဟ်တုလို့ ရေးရတယ်။ အမည်တူတခြားဗမာဆေးတွေလည်းရှိတယ်။ ထင်တာကို ရမ်းဖြေလိုက်တယ်။
Paracetamol ပါရာစီတမောအရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်
Acetaminophen ဆေးကို Paracetamol (ပါရာစီတမော) ခေါ်ကြတယ်။ နာတာနဲ့ ဖျားတာအတွက် အသက် ၂ လ သားကနေ အထက် အတွက် ထိရောက်တဲ့ဆေးလဲ ဖြစ်တယ်။ ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာအတွက်ပါပေးနိုင်တယ်။ တချို့ကို ဆေးကောင်တာမှာ အလွယ်ဝယ်နိုင်သလို တချို့ကြ ဆရာဝန်လက်မှတ် လိုပါတယ်။ ဗြိတိန်မှာ ၆ လသား ကလေးတွေထဲက ၈% ဟာ ဒီဆေးသောက်ဖူးကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆေးရည်အနေနဲ့ ရောင်းပါတယ်။ အစဉ်အလာအရ ဆေးကို ကိုယ်အလေးချိန်နဲ့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ပါတယ်။ တခါတလေမှာ လက်တွေ့မကျတာ ရှိတယ်။
(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ကလေးဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။
• ၂ အောက်ကလေး မပေးရ၊
• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊
• တခါနဲ့တခါ ၄ နာရီထက် မနီးရ၊
၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
၎-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊
(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည်
• ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊
• ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊
• ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊
• ၆ နှစ်အောက်ကလေး မပေးရ၊
Age limit အသက်
၁၂ ပတ်ထက်ငယ်တဲ့ကလေး မတိုက်ရ။ ချွင်းချက် ကာကွယဆေးထိုးလို့ဖြစ်တာအတွက် အသက် ၈ ပတ်လည်း ပေးနိုင်။
Combination products ရောစပ်ထားတဲ့ဆေး ၆ နှစ်အောက်ကလေး မပေးရ။
Dosing syringes ဆေးထိုးပိုက်က ပိုတိကျ။
Frequency တနေ့ ၅ ကြိမ်အထိ တိုက်နိုင်။
Oral disintegrating tablets စားဆေး အပျော့စား 80 mg နဲ့ 160 mg လာတယ်။
Suppositories စအိုကနေတည့်တဲ့ဆေး 80, 120, 325 နဲ့ 650 mg လာတယ်။ ပါးစပ်ကတိုက်တာနဲ့ အဆတူတိုက်နိုင်တယ်။
Extended-Release အပြင်းစားကို 650 mg ကလေးတွေ မပေးရ။
Dr. တင့်ဆွေ
၁၇-၆-၂၀၁၉

Comments
Post a Comment