အကယ်ဒမီရထိုက်သော မြန်မာ့ကင်ဆာ

ရင်းနှီးတဲ့ ကဗျာဆရာတဦးက သူများတွေလျှောက်ဖြန့်ဝေနေတဲ့ စာတခုကို လှမ်းပို့တယ်။ ဖုန်းနားထောင်ရင် ကင်ဆာ အဆန်းတခု ဖြစ်မယ်ဆိုလား။

ဒိအရင် နာရီပိုင်းလေးက ကင်ဆာအစုထဲမှာ တယောက်က ကင်ဆာအဆင့်တခုအတွက် မေးတယ်။ တယောက်က ဖြေတယ်။ ဗီတာမင် ဘာနဲ့ဘာ သောက်ပါတဲ့။ မေးတဲ့သူကလည်း သွားဝယ်နေလောက်ပြီ။

ကင်ဆာအဆန်းဆိုတာ မြန်မာလိုရေးတဲ့နေရာတွေမှာသာဖြစ်တယ်။ တခြားကင်ဆာမှန်သမျှက မကူးစက်။ မြန်မာ့ကင်ဆာသစ်က ဖေ့စ်ဘွတ်သုံးသူတွေကို ကူးနိုင်တယ်။ ဗီတာမင် ကကြီးကနေ အ အထိသောက်ပါလေ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး