သျှောင်ပေစူး ရောင်ပေစူး

ရောင်ပေစေူး သျှောင်ပေစူး ဘယ်စကားလုံးကအမှန်လဲ ဆရာရှင့်

အရင်က သျှောင်ပေစူးလို့ရေးတယ်။ နောက်ပိုင်းမှာ ရောင်ပေစူးလို့ ရေးလာကြတယ်။ ၈၈ အရေးအခင်းကသတင်းတခုမှာ ရောင်ကြီးဗွေလို့ရေးတယ်။ နောက်ပေါ်သီချင်းတွေမှာ သျှောင်ပေစူးရော ရောင်ပေစူးလို့ပါ ရေးလာတယ်။ အရင်ကတော့ ယောက်ျားဆံပင်ရှည်ထုံးတာကို သျှောင်ထုံးလို့ခွဲရေးခဲ့တယ်။ ရောင်နောက်ဆံထုံးပါလို့ရေးတာက အမျိုးသမီးဆံထုံး။

သျှောင်
ဦးသျှောင် (အကြီးအကဲ)၊
သျှောင်ကြီးဗွေ (ခွေရစ်ထုံးထားသော ဆံပင်ရှည်)၊
သျှောင်ထုံး (ယောက်ျားဆံထုံး)။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး