Book Bank ဘဏ်

ဘဏ်အသစ်တွေ ခေတ်စားနေတယ်။ ရေးနေကြတာက အမျိုးမျိုး၊ အဆိုးရေးသူကများသလား မသိ။ ဆောရီး။

ပိုက်ဆံငွေကြေးနဲ့ဆိုင်တဲ့ဘဏ်တွေပြီးရင် ဆရာဝန်တွေသိတာက သွေးလှူဘဏ်။ အချင်းဘဏ်။ မျိုဥဘဏ်၊ (ကန်တော့) သုက်ပိုးဘဏ်။

စာကြည့်တိုက်ကို စာအုပ်ဘဏ်လို့ ခေါ်တာ မတွေ့ဖူးသေး။ စားလို့တော့ မရ၊ ငှားလို့ရတယ်။ လှူလို့ရတယ်။

ငွေဘဏ်ပိုင်ရှင်တွေမှန်သမျှ ချမ်းသာတဲ့သူတွေ။ သွေးလှူဘဏ်ကြောင့် အသက်ချမ်းသာရကြတယ်။ ချမ်းသာလို့ စာအုပ်ဘဏ်ဖွင့်တဲ့သူ မတွေ့ဖူးသေး။

တပါးသူတွေ အသက်နဲ့ အသိပညာ ချမ်းသာစေတဲ့ဘဏ်တွေ ပေါများလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး