ဖေ့စ်ဘွတ် ဆေးဥယျာဉ်ကြီး

ဟိုအသီး ဆီးချိုပျောက်၏။
သည်အရွက် အရက်နာပျောက်၏။
ဟိုအမြစ် အဆစ်နာပျောက်၏။
သည်ပန်း အချမ်းပျောက်၏။
ဟိုမြက် ဝက်သက်ပျောက်၏။
သည်ဆေး လေးလုံးရောဂါပျောက်၏။
ဟိုဆေး တုပ်ကွေးပျောက်၏။
သည်အဖူး အမူးပျောက်၏။
ဟိုအပင် သေသူပြန်ရှင်၏။
သည်ပြာ ကင်ဆာပျောက်၏။

ဆေးရုံဆေးခန်းတွေမှာ လူနာခန်းခြောက်ကုန်ကြ၏။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး