မီတာ

မီတာစာတွေ ဖတ်နေရတယ်။ ကျည်လွတ်နယ်မြေကနေ ရေးပါရစေ။

ဒေလီမှာ အော်တို ခေါ် သုံးဘီးကားတွေကို မီတာတပ်ခိုင်းတဲ့ ခေတ်က မျက်စိအောက်မှာ။ ဒိအရင် တက်စီတွေကို ခိုင်းတယ်။

ခရီးသည်ကို မီတာနဲ့လား ပုတ်ပြတ်သွားမလား အရင်မေးတယ်။

မီတာကို မြန်အောင်လုပ်နည်း နှေးအောင်လုပ်နည်းကို သူတို့လည်း ကျွန်တော်တို့ လူမျိုးတွေအတိုင်း တတ်ကြတယ်။

ဒေလီမှာ အခွန်တွေတိုးကောက်တာလည်း မျက်စိအောက်မှာ တွေ့ကြုံခဲ့ပါတယ်။ မြို့တော် ပိုပြီးတိုးတက် စိမ်းစိုလာတာလည်း အမှန်။

အစိုးရတွေက သူ့အလုပ်သူ လုပ်ကြရတယ်။ အစိုးရမဟုတ်သူတွေလည်း အတူပဲ။ အတိုက်အခံတွေကလည်း သူတို့လုပ်စရာ သိကြတယ်။ မလုပ်သင့်တာလုပ်တာကို လူအများက သိတယ်။

တိုင်းပြည်တွေမှာ မီတာတွေ အများကြီးနဲ့ လူတွေ အမျိုးမျိုး နေထိုင်ကြပါတယ်။

လူမှန် မီတာမှန်ခေတ် ရောက်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၁၉

ဝိဇ္ဇာဒီဂရီ ပြန်အပ်ခြင်း

ရန်ကုန်မြို့ ယူနီဘာစတီ တက္ကသိုလ်မှ ရာသက်ပန်ကျောင်းထုတ်ခံရပြီးနောက် အခွင့်ရ၍ အပြင်မှ ဝိဇ္ဇာအပိုင်း ခ စာမေးပွဲကိုဖြေဆိုရာတွင် ၁၉၅၆ ခု မတ်လတွင်းက စာမေးပွဲ၌ အောင်မြင်လာပြီးဖြစ်သော မောင်လှထွန်းအောင်က ၎င်း၏ ဝိဇ္ဇာဒီဂရီသည် လုံးဝအသုံးမဝင်တော့သည့်အတွက် ပြန်လည်အပ်နှင်းရန်လိုကြောင်း ဝန်ကြီးချုပ်ထံသို့ အကြောင်းကြားစာ တစောင် ပို့လိုက်ရာ ၎င်းစာမှာ အောက်ပါအတိုင်းဖြစ်ကြောင်း။

၁၉၅၀ ကျော်ဝန်းကျင်က နိုင်ငံရေး၊ ပညာရေးနဲ့ သတင်းစာအရေးအသားကို လေ့လာနိုင်ပါတယ်။ အကြောင်းကြားစာ တစောင်လို့သာရေးတယ်။

အဲဒီခေတ်မှာ ဘီအေ ဘွဲ့ကို ဝိဇ္ဇာဒီဂရီလို့ခေါ်တယ်။ တက္ကသိုလ် ပဌမ ၂ နှစ်ကို အိုင်အေ ဥပစာတန်း (က) နဲ့ (ခ) လို့ ခေါ်တယ်။ နောက်ထပ် ၂ နှစ်ပြီးရင် ဝိဇ္ဇာဘွဲ့ရတယ်။ ဘီအေဘွဲ့ရသူအရေအတွက် အတော် ရှားသေးတယ်။

အစိုးရကို မကျေနပ်လို့ ကိုယ်ရထားတဲ့ဘွဲ့ ပြန်အပ်လိုခြင်းဟာ ဆန္ဒပြနည်းတမျိုးဖြစ်ပါတယ်။ ဂျင်းရှပ် ရေးသားတဲ့ အကြမ်းမဖက်နည်းနာတွေထဲမှာ အဲဒီနည်းမပါ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၉
ပုံပို့ပေးတဲ့ ဆရာမောင်စွမ်းရည် ကျေးဇူး။

Taxi တက္ကစီ ခေါ် တက်စီ

ဒိအရင် တက္ကစီ နဲ့ ဘယ်ဟာအမှန် မသိပါဆရာ

တက္ကစီ ခေါ် တက်စီ ခေါ် တက်ဆီဟာ အင်္ဂလိပ်စာလုံးကနေယူထားတယ်။ အဲလိုယူထားတာတွေ အတော်များနေပြီ။ တဖြည်းဖြည်း တိုးတိုးလာတယ်။ အဲလိုစာလုံးတွေကို အသံထွက်တာနဲ့ စာနဲ့ရေးတာ စံကိုက်လို့ပြောရတာ ခက်တယ်။ နီးစပ်လေ ကောင်းလေ။ အရင်က အဆင့်စာလုံးရေးတာ ဝါသနာလိုဖြစ်ခဲ့တယ်။ အောက်ကစာလုံးတွေကို ကျွန်တော်ရေးတဲ့အတိုင်း အကုန်လိုက်မရေးကြပါ။ ကျွန်တော် မမှား၊ သူများမမှား။ လွဲတာတွေတော့ ရှိနိုင်တယ်။

AC အေစီ
Academy အကယ်ဒမီ
Action အက်ရှင်
AIDS အေအိုင်ဒီအက်စ်
Automatic အော်တိုမက်တစ်
Ball ဘော (ဘောလ်)
Battery ဘက်ထရီ
Bicycle ဘိုင်ဆိုက်ကယ်
Bike ဘိုက်ခ်
Block ဘလော့
Blog ဘလော့
Body ဘောဒီ
Bomb ဗုံး
Bumper ဘမ်ပါ
Burger ဘာဂါ
Bus ဘတ်စ်
Cancel ကင်ဆယ်
Cancer ကင်ဆာ (ကင်စာလို့ရေးရင် မှားတယ်)
Cap ကက် (ကက်ပ်)
Car ကား
Carbine ကာဘိုင်
Cartoon ကာတွန်း
Catalog ကက်တလော့
Cell phone ဆဲလ်ဖုန်း
Center စင်တာ
Century စင်ကျူရီ
Clinic ကလင်းနစ်
Coca Cola ကိုကာကိုလာ
Coffee ကော်ဖီ
Coke ကုခ်
Collar ကော်လာ
College ကောလိပ်
Communist ကွန်မြူနစ်
Computer ကွန်ပြူတာ (ကွန်ပျူတာ)
Conference ကွန်ဖရင့်
Crown ခရောင်း
Cycle ဆိုင်ကယ်
Data ဒေတာ
Democracy ဒီမိုကရေစီ
Director ဒါရိုက်တာ
Doctor ဒေါက်တာ
Dollar ဒေါ်လာ
ECG အီးစီဂျီ
Email အီးမေး (အီးမေးလ်)
Engine အင်ဂျင်
Engineer အင်ဂျင်နီယာ
Euro ယူရို
Facebook ဖေ့စ်ဘွတ်
Fine ဖိုင်း
Gear ဂီယာ (ဂီရာလို့ရေးရင် မှား)
Grade ဂရိတ်
Guitar ဂီတာ (ဂစ်တာ)
Gym ဂျင်မ် (ဂျင်)
Hall ဟော (ဟောလ်)
Heck ဟက်
Hecker ဟက်ကာ
Hip hop ဟဟ်ဟော့
HIV အိတ်ခ်ျအိုင်ဗွီ
Idol အိုင်ဒိုးလ်
Inspector အင်စပက်တာ (အင်စပက်တော်)
Internet အင်တာနက်
I-phone အိုင်ဖုန်း
Jean ဂျင်း (ဂျီးန်)
Jersey ဂျာဆီ (ဂျာစီ)
Kilometer ကီလိုမီတာ
Laptop လက်ပ်တော့
Liberal ဘစ်ဘရယ်
Like လိုက်ခ်
Loudspeaker လောက်စပီကာ (လော်စပီကာ)
Machine gun မရှင်းဂန်း
Makeup မိတ်ကပ်
Mandolin မယ်ဒလင် (မယ်ဒိုလင်)
Marathon မာရသွန်
Mark မာ့ခ် (အမှတ်)
Meter မီတာ
Microphone မိုက်ကရိုဖုန်း
Mile မိုင်
Mine မိုင်း
Model မော်ဒယ်
Motorboat မော်တော်ဘုတ်
Motorcar မော်တော်ကား
Necktie နက်တိုင်
Olympic အိုလံပစ် (အိုလန်ပစ်)
Order အော်ဒါ
Pension ပင်စင်
Pepsi ပက်ပ်စီ
Percent ပါဆင့်
Phone ဖုန်း (ဖုံး)
Photo ဖိုတို
Ping pong ပိန်ပေါင်
Pistol ပစ်တို (ပစ္စတို)
Pizza ပီဇာ
Plaza ပလာဇာ
Plug ပလပ်
Polish ပေါလစ်
Profile ပရိုဖိုင်း (ပရိဖိုင်းလ်)
Psycho ဆိုက်ကို
Radio ရေဒီယို (ရေဒီယို) (လေဒီယိုဆိုရင် မှား)
Rifle ရိုင်ဖယ်
Rocket ရောကက်
Rupie ရူးပီး (ယူပီးဆိုရင်မှား)
Shirt ရှပ်
Shock ရှော့ (ရှော့ခ်)
Shoes ရှူး (ရှူးစ်)
Shooting ရှူတင်း
Show ရှိုး
Socialist ဆိုရှယ်လစ်
Solar ဆိုလာ
Speaker စပီကာ
Sponsor စပွန်ဆာ
Star စတား
Store စတိုး
Studio စတူဒီယို
Style စတိုင် (စတိုင်လ်)
Supermarket ဆူပါမားကက် (စူပါမားက်ဆိုရင်မှား)
Super ဆူပါ (စူပါဆိုရင်မှား)
Survey ဆာဗေး
Tablet တက်ဘလက်
Taxi တက်စီ (တက္ကစီ)
TB တီဘီ
Tennis
Test တက်စ်
Tetto တက်တူး
Tire တိုင်ယာ
Tower တာဝါ
T-shirt တီရှပ်
TV တီဗွီ
Ultrasound အာထွာဆောင်း (အာထရာဆောင်း) (အာထွာစောင်းဆိုရင်မှား)
Uniform ယူနီဖေါင်း
Vinyl ဗိုင်နဲလ်
Vitamin ဗီတာမင်
Volleyball ဘော်လီဘော
Watercooler ဝါတာကူလာ
Wi-Fi ဝိင်ဖိုင်
Wiper ဝိုက်ပါ
Yoga ယောဂ (ရောဂဆိုရင်မှား)
Yuan ယွန်
Zero ဇီးရိုး

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး