၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီ

၂၀၁၈ - ၂၀၁၉ ဒသမတန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှ ပြင်ဆင်ချက်များလို့ သေသေချာချာ ရေးတင်ထားတာ တွေ့တယ်။ ကျေးဇူး။ မူဟောင်းက အမှန်ဟု ယူဆပါသည်နဲ့ ပြင်လိုက်မှ မှားပါလေရောကလားဗျာလို့ မှတ်ချက် ပြုထားတာလည်း ဖတ်ရတယ်။ ကျွန်တော်က တခေါက်တော့ဖတ်ပြီးပြီ။ ထပ်ဖတ်ပြီး စိစစ်ချင်သေးတယ်။

ကျွန်တော့်အမျိုးထဲမှာ မြန်မာစာ ဆရာဆရာမတော့ မရှိဘူးထင်တယ်။ အင်္ဂလိပ်စာတို့ ပထဝီတို့တော့ရှိတယ်။

ကျောင်းတကျောင်းကို ပညာရေးမှူးက လာစစ်ဆေးတယ်။ ၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီ စောင်းနေတဲ့ ကမ္ဘာလုံးကို ပြပြီး။ ကမ္ဘာလုံးကြီးက ဘာလို့ အဲလိုစောင်းနေသလဲ မေးတယ်။

ကျောင်းသားတွေ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆရာကြီး။

ကျောင်းသူတွေကလည်း ကျမတို့ကြောင့် မဟုတ်ဘူးရှင့်။

ပထဝီဆရာမကတော့ ဝယ်ကတည်း အဲလိုကြီးစောင်းနေတာပါရှင့်။

ကျောင်းအုပ်ဆရာကြီးကလည်း ဝင်ကူပါတယ်။ ဟုတ်ပါတယ်ခင်ဗျား။ ကျွန်တော် အသစ်ပြန်လဲလို့ အစီအစဉ်ရှိပါတယ်။

မြန်မာ့ပညာရေးကြီး ၂၃ နှစ်ပိုင်းတပိုင်းဒီဂရီ စောင်းနေပါသေးသည်။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး