ချိုင်းနား
ခုတ်စရာစာအောက်မှာ ကွန်မင့်တခုရတယ်။ ခုထိ ဓါးကိုပဲအမှန်ထင်နေတုန်း၊ ကျေးဇူးပါဆရာ တဲ့။
သွေးသော် ပြတ်၏။ စာလုံးပေါင်းပြောင်းတာနဲ့ မပြတ်။
နဝတ ခေတ် ဆင်ဆာအဖွဲ့ရှိစဉ်က ဆရာမင်းဆွေစာအုပ် ဒါးကို ဓါးလို့ထုတ်မှ ထုတ်ဝေခွင့်ရတယ်။ ထိုင်းစာလုံးမှန်သမျှ ယိုးဒယားလုပ်ရတယ်။ သမတ မနှစ်လုံးဆင့်ရတယ်။ ပဌမ မရေးရ။
စိနရဋ္ဌခေါ်ခေါ်၊ စိန့်ပြည်ခေါ်ခေါ်၊ ဂန္ဓာလရာဇ်ခေါ်ခေါ်၊ တရုပ်ပြည်ခေါ်ခေါ်၊ တရုတ်လို့ပြောင်းရေးရေး ချိုင်းနားသာဖြစ်၏။
ဗမာနဲ့ မြန်မာ အငြင်းပွါးခိုင်းတော့ ကျွန်ုပ်တို့ စည်းလုံးညီညွတ်လာကြပါသလော။
မြန်မာစာကတော့ အခုလည်း နဝတ ခေတ်ပဲ။
ဒေါက်တာတင့်ဆွေ
၁၉-၆-၂၀၁၉

Comments
Post a Comment