မင်္ဂလာပါ ဝေါဟာရ

ထိုင်းက ဆ၀ါဒီ ခပ်ဆိုတာ မင်္ဂလာပါလို့ ပြောတာပါဆရာ။

အတိအကျတော့ မဟုတ်ပါ။ ကျန်းမာပါစလို့လည်း ဆိုလိုတယ်။

တချို့က ဂွတ်မောနင်း ကိုလည်း မင်္ဂလာပါလုပ်ကြတယ်။ မဟုတ်ပါ။

မနှစ်က မြန်မာပြည်ကို အလည်ပြန်တော့ ရောက်လေရာ မြို့တိုင်းမှာ မင်္ဂလာပါပြောတာတွေ ကြားခဲ့ရတယ်။ ရိုင်းစိုင်းတာတွေရေးတဲ့ ဖေ့စ်ဘွတ်ပေါ်ကနေဆင်းပြီး လာရဖြစ်တော့ အတော်နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ မင်္ဂလာပါယဉ်ကျေးမှုကို ရိုက်သွင်းထားသလား စဉ်းစားမိတယ်။ ရိုင်းတာနဲ့စာရင်၊ ဘာမှမပြောတာထက်စာရင် အလွန် ကောင်းမွန်တယ်။ အရင်ကတော့ ကျောင်းစာသင်ခန်းမှာသာ ဆရာဆရာမတွေကို နှုတ်ဆက်ပါတယ်။

ဟောင်းအာယူ၊ ဂွတ်မောနင်းနဲ့ ဟောင်းဒူးယူဒူး ကို ဘာသာပြန်ရင်တော့ မင်္ဂလာပါ မဟုတ်ပါ။ ဆဝါဒီခပ် နဲ့ နာမာစတေး တို့ကိုလည်း မင်္ဂလာပါလို့ ဘာသာပြန်မရပါ။

သုံးဆဲ့ရှစ်ဖြာ မင်္ဂလာ https://doctortintswe.blogspot.com/2019/03/blog-post_90.html
လောကီမင်္ဂလာ https://doctortintswe.blogspot.com/2018/02/blog-post_20.html
Mingala မင်္ဂလာ https://doctortintswe.blogspot.com/2018/01/mingala.html
မင်္ဂလာ https://doctortintswe.blogspot.com/2018/12/blog-post_871.html
မင်္ဂလသုတ် သမိုင်း https://doctortintswe.blogspot.com/2019/06/blog-post_385.html

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး