ချိုးလည်ပြောက်

မန္တလေးက တူမတယောက် ဆွမ်းဟင်းအမည်ရေးတာ ဂျိုးလယ်ပြောက် ခရမ်းသီးလို့ ရေးထားတာနဲ့ ပြင်ပေးလိုက်တယ်။

လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောသူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျှာမလျော့၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီးအာအာ၊ ခါကတုတ်တုတ်၊ ရှဉ်စုတ်စုတ်နှင့်၊ ဘုတ်ကငြိမ့်ငြိမ့်၊ တအိမ့်အိမ့်လျှင်၊ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက်သည်။    ။ တောကြက်တွန်သံ မြူးမြူးတည်း။ (ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလား)

ချိုးလည်ပြောက်ခရမ်းသီးဟင်း သွားရည်ကျတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး