မြန်မာအစ တကောင်းက

လူမျိုးအကြောင်းပြောတာ။ တိုင်းပြည်မဟုတ်။ ဘာသာစကားမဟုတ်ပါ။

မြန်မာလူမျိုးဟာ စိနရဋ္ဌခေါ်၊ စိန့်တိုင်းခေါ်၊ ဂန္ဓာလရာဇ်ခေါ် ကနေ့ China တရုပ်ပြည်အနောက်ပိုင်းက Nanzhao နန်ချောင်ဒေသကနေ ဆင်းသက်တယ်လို့ ဆိုကြတာများတယ်။

နိုင်ငံအနေနဲ့တော့ တကောင်းပြည် (သင်းတွဲပြည်) အရင် ပျူ၊ မွန်၊ ရခိုင်ဒေသတွေမှာလည်း မြို့ပြနိုင်ငံတွေ ရှိနေခဲ့ပါတယ်။

ကနေ့ မြန်မာနိုင်ငံဟာ ဟိုးအရင်က ပင်လယ်ကြီးသာဖြစ်တယ်။

မြန်မာအစ တစ်ကောင်းကလို့ ရေးတာတခု တွေ့တယ်။ သည်အတိုင်းသာဆို မြန်မာစာဟာ ပင်လယ်အောက် ရောက်သွားစရာအကြောင်းရှိတယ်။

တ မြင်တာနဲ့ စသတ်ချင်တဲ့ ကူးစက်ရောဂါဆိုး ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး