ဒါးကိုဒါးချင်း လှံကိုလှံချင်း

၁။ ဓါးကို အမှန်ထင်နေတာ ကျေးဇူးပါ ဆရာ။

၂။ ခုထိ ဓါးကိုပဲ အမှန်ထင်နေတုန်း ကျေးဇူးပါဆရာ။

၃။ ဒါးမ နှင့် ဓားမ သည် အဘယ်စာလုံးက မှန်ပါသလဲ။ ဆရာ့ post မှာ ဒါးရာ လို့ရေးထားတာမို့ပါ။ အမှားပါရင် တောင်းပန်ပါတယ်။

၎။ ရွှေထားဗိုလ်၊ ရွှေဒါးဗိုလ်၊ ရွှေဓါးဗိုလ် စသည်ဖြင့်လည်း ကြုံခဲ့ဖူးပါတယ်ဆရာ။

ငယ်ကတည်းက ဒါးလို့ရေးခဲ့တယ်။ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းပြောခဲ့တဲ့ ဒါးကို ဒါးချင်း၊ လှံကို လှံချင်း သမိုင်းဝင်မိန့်ခွန်း သတင်းစာပါသတ်ပုံကို ပြန်သတိရစေတယ်။

ဒါး
ပြဒါး
ပြဒါးရှင်
ပြဒါးလုံး
ပြဒါးဆိပ်သင့်သည်

ဓါး
ခွဲစိတ်ဓါး
ဓါးခုတ်ကောင်
ဓါးစာခံ
ဓါးမဦးချမြေ
ဓါးမနောက်ပိတ်ခွေး
ဓါးပြသူခိုး
ဓါးရှည်
ဓါးလက်နက်
ဓါးလွတ်ကိုင်
ဓါးလွယ်ခုတ်
ဓါးသွား
ဓါးသိုင်း
ဓါးဆောက် (ဓါးရိုး)
ဓါးဆောက်ကမ်းလုပ်သည် (အရမ်းပတမ်းလုပ်သည်)
ဓါးမြှောင်
ဓါးနှောင့်
သင်ဓုန်းဓါး
သူခိုး ဓါးရိုးကမ်း (စူလဓနုဂ္ဂဟဇာတ်)

ကျွန်တော် လူနာပေါင်းများစွာကို ခွဲစိတ်ဒါးနဲ့သာ ခွဲပေးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်