G20 ဂျီတွင်းတိ

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ အစည်းအဝေးကြီးကျင်းပနေတာကို နိုင်ငံတကာသတင်းရဲ့ ထိပ်ပိုင်းမှာဖေါ်ပြနေကြတယ်။

G20 ခေါ် နိုင်ငံ ၂၀ အုပ်စုဟာ ဒုတိယကမ္ဘာစစ်ကြီးအပြေီးမှာ သန္ဓေတည်ခဲ့ပါတယ်။ စီးပွါးရေးပေါ်လစီ ညှိနိုင်းဆောင်ရွက်ဖို့ ရည်ရွယ်တယ်။ IMF နဲ့ BW ကမ္ဘာဘဏ်ကြီးတွေ ထူထောင်ထားတယ်။ Bretton Woods twins ဘရစ်တွန်ဝုဒ်အမြွာလို့ ခေါ်တယ်။ ၁၉၉၉ မှာကျင်းပတဲ့ G7 အစည်းအဝေးရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိ G20 ဂျီတွင်းတိမှာပါတဲ့ နိုင်ငံတွေကတော့
1. Argentina
2. Australia
3. Brazil
4. Canada
5. China
6. France
7. Germany
8. India
9. Indonesia
10. Italy
11. Japan
12. Mexico
13. Russia
14. Saudi Arabia
15. South Africa
16. South Korea
17. Turkey
18. United Kingdom
19. United States နဲ့
20. European Union တို့ဖြစ်ပါတယ်။

G7 ဂျီဆဲဗင်းမှာ
1. Canada
2. France
3. Germany
4. Italy
5. Japan
6. United Kingdom
7. United States တွေပါတယ်။ ရုရှားမပါ။ တရုပ်မပါ။

Group of 77 လို့ခေါ်တာလည်းရှိတယ်။ တကယ်တော့ ၁၃၄ နိုင်ငံပါတယ်။ မြန်မာပြည်လည်းပါတယ်။ နိုင်ငံတကာ သတင်းကို စိတ်မဝင်စားပေမဲ့ မြန်မာပြည်မှာ မသိသူမရှိတာက ဂျီသရီး။

G20 မှာ ဒေါ်နယ်ထရမ့်က အထက်စီးက။ တရုပ်ကို ကုန်သွယ်ရေးစစ်ခင်းရာကနေ စီးပွါးရေး 0.5% ကျလို့ ထရမ့်ကို လျော့ပါလို့ ဖြောင်းဖျနေကြတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်နှုန်းက လက်ခံနိုင်စရာမရှိဘူးလို့ ထရမ့်ကပြောတယ်။

ဗြိတိသျှဝန်ကြီးချုပ် ထရီဇာမေက နှုတ်ထွက်တော့မယ်။ ဂျပန်မှာလည်း ရွေးကောက်ပွဲနီးပြီ။ ထောက်လှမ်းရေးကနေ သမတလုပ်တဲ့ ရုရှားက ပူတင်က ရှုတည်တည်။

အစည်းအဝေးနဲ့ တပြိုင်တည်းသတင်းက ကမ္ဘာ့အမျိုးသမီးဘောလုံးပွဲ ကွာတာဖိုင်နယ်မှာ ပြင်သစ်ကို ယူအက်စ်အေက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတယ်။ ပြင်သစ်မှာ အပူစံချိန်တက်တာ 45.9 ဒီဂရီ C အထိတက်သတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး